History သမိုင်းရေးခြင်း

• ကျွန်တော် ခုရက်တွေမှာ သမိုင်း (ရာဇဝင်) ဒါမှမဟုတ် အဖြစ်အပျက်ဟောင်းတွေရေးဖြစ်နေပါတယ်။ ပုဂံရာဇဝင်ပြောရင် တုတ်ထမ်းပြောရတယ်လို့ ရှေးလူကြီးသူမတွေပြောကြတာ သိထားပါတယ်။ ရေးထားတာကို သဘောမတွေ့သူတွေ သေချာပေါက်ရှိမယ်လို့လည်း တွက်ထားပြီးသားပါ။ ထောက်ပြကြတာတွေက မပြည့်စုံဘူး။ မြေပုံအမှားကြီး။ ဒီဘုရားကြီးမပါဘူး စသဖြင့်။
• အထောက်အထားတွေကို လက်လှမ်းမီတာကနေသာယူရပါတယ်။ အလွယ်ဆုံးအကိုးအကား ၂ မျိုးကိုသုံးတယ်။ မြန်မာ့စွယ်စုံကျမ်းနဲ့ ဗြိတိသျှစွယ်စုံကျမ်း။ နောက်တမျိုးက (အွန်လိုင်း)။ အွန်လိုင်းကနေ သိချင်တာရှာရင် အများဆုံး ပေါ်လာတာက (ဝီကီပီးဒီးယား) ဖြစ်တယ်။ (ဝီကီပီးဒီးယား) ဟာ အလွန်လွတ်လပ်တယ်။ ခိုင်မာမှုမှာ မေးခွန်းထုတ်စရာတွေရှိပါတယ်။ တချို့က သူသိတာနဲ့တချက်လွဲတာနဲ့ တခုလုံးသုံးမရဘူးသတ်မှတ်ကြတယ်။ တင်ထားပြီးသားကို ဘယ်သူကမဆို ပြင်လို့ရတယ်။ မှားနေတယ်ထင်သူက အဲဒီမှာ သွားပြင်စေချင်ပါတယ်။
•သူများရေးတာ မမှန်ဘူးထင်ရင် ကိုယ်တိုင်ရေးပေါ့။ လက်ခံသူက လက်ခံမှာပေါ့။ သမိုင်းစာအုပ်တွေတောင်မှ ဘယ်လောက်ထူထူ၊ ဘယ်ပုဂ္ဂိုလ်ရေးရေး မပြည့်စုံပါ။ အမှားလည်းပါနိုင်တယ်။
• တယောက်ကလည်း ဘာလို့ရေးသလည်းမေးတယ်။ တရုပ်အရေး၊ ဘာသာရေးတွေကို သွေးထိုးတာလား မေးပုံရပါတယ်။ သမိုင်းဆိုတာ လိုမှကောက်ရေးရတာမဟုတ်ပါ။ ကျွန်တော်က သမိုင်းပညာရှင်မပြောနဲ့ သမိုင်းကို ၉ တန်းအထိသာသင်ခဲ့ရသူဖြစ်ပါတယ်။ ရေးနေတာလည်း ကျမ်းပြုစာတမ်းမဟုတ်ပါ။ မှတ်စုသဘောသာဖြစ်တယ်။ ဖေ့စ်ဘွတ်မှာတင်နေတာက လက်စရှိလို့ပါ။ ကိုယ်ပိုင်ဘလော့ခ်မှာသာ မှတ်တမ်းမှတ်ရာကျန်အောင် တင်တာပါ။ လက်လွတ်စပယ်တော့ ဘယ်စာကိုမှ မရေးပါ။ ဝါဒဖြန့်စာဖြစ်အောင်လည်း သမိုင်းကို လိမ်-ကောက်-ဖျောက် မရေးပါ။

ဒေါက်တာတင့်ဆွေ
၅-၄-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ