Hate reporting အမုန်းသတင်းဖန်တီးခြင်း

Aung San Suu Kyi orders 'Islamic purge' as Nobel Peace Prize laureate prepares for Myanmar elections

ဒေါ်အောင်ဆန်းစုကြည်ကနေ အစ္စလမ်းမစ်ရှင်းလင်းရေး အမိန့်ပေးလို့ မနေ့ကသတင်းစာရှင်းလင်းပွဲအပြီးမှာ Elsa Buchanan (အေလာ ဘူချာနန်) ကနေ International Business Times သတင်းစာမှာ ရေးလိုက်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ဘာလို့ NLD ကိုယ်စားလှယ်လောင်းတွေထဲမှာ မွတ်ဆလင်ဘာသာဝင်တွေ မပါရသလည်း အမေးကို ဖြေရပါတယ်။ ဒေါ်စုဖြေတာ ၁၉၉ဝ တုံးကလည်း မွတ်ဆလင်ကိုယ်စားလှယ်လောင်းတယောက်ပါခဲ့တယ်။ ပယ်ချခံရတယ်။ အခုလည်း တယောက်ပါတယ်။ ပယ်ချခံရတယ်။ ထူးပြီး မပါတာ ပါတာမဟုတ်ပါ။ ကွန်မြူနတီ ထူထပ်ရာမှာ အဲဒီကွန်မြူနတီ ကိုယ်ကိုယ်စားပြုမယ့်သူကို ကိုယ်စားလှယ်အဖြစ်ရွေးတာက ပုံမှန်လုပ်ရိုးလုပ်စဉ်သာ ဖြစ်ပါတယ်။

သတင်းထောက်တွေ သတင်းအမှန်ကိုရောင်းစားတာက သင့်မြတ်ပါတယ်။ နိုင်ငံခြားသတင်းထောက်တချို့ဟာ အခုလို သတင်းကို တလွဲလုပ်ခြင်းဟာ ပြောတဲ့သူကို အထင်အမြင်လွဲခံရအောင်နဲ့၊ ကွန်မြူနတီတွေကြားမှာ အမုန်းတရားတွေ ပွားအောင် တမင်လုပ်တာမျိုး ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၅-၁၁-၂ဝ၁၅
http://www.ibtimes.co.uk/aung-san-suu-kyi-orders-islamic-purge-nobel-peace-prize-laureate-prepares-myanmar-elections-1527398?

Comments