Where tangled yarn ruins ones day အမယ်ဘုတ်ချည်ခင်

ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲကြီးကျင်းပတာ နှစ်ခါရှိပြီ။ ကြားဖြတ်လည်း တခါရှိခဲ့သေးတယ်။ အစိုးရသစ်ဖွဲ့တာကတော့ တခါသာရှိသေးပေမယ့် နောက်တခါလာတော့မယ်။ လူတိုင်းလိုလိုက အစိုးရဖွဲ့နည်းနိသျှည်းကို လေ့လာနေကြတယ်။

အရင်တခါဖွဲ့တုံးက ဘယ်သူကမှ စိတ်ဝင်ခဲ့ကြတာမဟုတ်မှန်း အခုမှပေါ်တော့တယ်။ ၁၉၆၂ ကတည်းကဆိုရင် အစိုးရသစ်တွေဖွဲ့လာလိုက်ကြတာ မရေမတွက်နိုင်အောင်များတယ်။ အဲတာကိုလည်း အရေးတယူ ဘယ်သူဘယ်ဝါ ဖြစ်လာမလည်း စိတ်မဝင်စားခဲ့ကြပါ။ ခဏနေခန့်လိုက် တော်ကြာဖြုတ်လိုက် လုပ်တာတောင်မှ တခါတလေလောက်သာ မျက်စိဖွင့်ကြည့်ခဲ့ကြတယ်။

အခုတော့ ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ မီဒီယာပေါင်းစုံ အကုန်ကနေ ဘာလည်း၊ ဘယ်လိုလည်း၊ ဘယ်သူလည်း စပ်စုနေလိုက်ကြတာ ဘယ်သူကမှ တိတိကျကျမပြောနိုင်ကြသေးပါ။ ခေတ်ကတော့ တကယ်ကိုပြောင်းလာပြီ။ ဒီအပြောင်းမှာ လူတိုင်းပါတာလည်း အဟုတ်ပဲ။ အကောင်းအဆိုးခွဲရာမှာလည်း ပါနေကြပြီ။ အလားအလာ တွက်ချက်ရာမှာလည်း ပါလာကြပြီ။ ကြားရတာ အားရတယ်။

မသတီလို့ မကိုင်ပဲပြစ်ထားခဲ့တဲ့ စာအုပ်စိမ်းကို ပြန်လှန်သူက လှန်ရတယ်။ ခေါင်းရှုတ်အောင်လုပ်ထားတဲ့ဖွဲ့စည်းပုံကြီးကို ပိုပြီးအမြင်ကပ်လာကြတယ်။ ရေးထားတဲ့သူတွေက သူတို့ချည်းသာ ထာဝစဉ်အုပ်စိုးနေမှာမို့ ထည့်မတွက်ခဲ့တာတွေ ပါနေတယ်။

အစိုးရဖွဲ့တာက အမယ်ဘုတ်ရဲ့ချည်ခင်နဲ့တူပြီး၊ ဖွဲ့ပြီးတဲ့နောက်မှာ တာဝန်ခွဲဝေမှုဆိုတာက သပွတ်အူနဲ့တူတယ်။ ရှင်းကြစို့။

ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ