Burma’s top general: ‘I am prepared to talk and answer and discuss’ with Aung San Suu Kyi’s government.

မြန်မာ့ထိပ်တန်းဗိုလ်ချုပ်ကြီးက ဒေါ်အောင်ဆန်းစုကြည်အစိုးရနဲ့ စကားပြောဘို့၊ ဆွေးနွေးဘို့နဲ့ မေးရင်ဖြေဘို့ အဆင်သင့်ပါပဲလို့ပြောလိုက်

၂၃-၁၁-၂ဝ၁၅ နေ့ထုတ် ဝါရှင်တန်ပို့စ်သတင်းစာမှာရေးလိုက်တဲ့သတင်းဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကနေ နေပြည်တော်မှာ ဝါရှင်တန်ပို့စ်သတင်းထောက် (လီလီ ဝေးမောက်သ်) ကို အဲလိုပြောလိုက်တာပါ။
• အာဏာလွှဲပြောင်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည့်နဲ့ ဘယ်တော့တွေ့မှာပါလည်း။
• လာမယ့်ဒီဇင်္ဘာလထဲမှာ တွေ့ပါမယ်။ ရွေးကောက်ပွဲဖြစ်စဉ်လည်းပြီးဆုံးချိန်မှာပါ။
• အင်နဲ့အားနဲ့အနိုင်ရလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည် သမတဖြစ်နိုင်ဘို့ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကိုပြင်ဘို့ ဆန္ဒရှိပါသလား။
• ကျွန်တော်တယောက်တည်းကနေ ဆုံးဖြတ်လို့မရပါ။ အခန်း ၁၂ အရလုပ်ဆောင်ရမှာပါ။ ကျွန်တော်နဲ့ တိုက်ရိုက် မပတ်သက်ပါ။
• ဒါဆိုရင် ပြုပြင်ဘို့ကော အားပေးမှာလား။ ၂၅% နေရာကိုစစ်တပ်ပေးထားတယ်။ သူအနိုင်ရလိုက်တာကလည်း တခဲနက်။ အဲတော့ ဒေါ်စုသမတဖြစ်လာဘို့ရာ မျှတမှုရှိတယ်လို့ မထင်ပါလား။
• ဥပဒေက တယောက်တည်းအတွက်လုပ်ထားတာမဟုတ်ပါ။ လုပ်ထုံးလုပ်နည်းအရလုပ်ရမှာပါ။
• ဒါဖြင့် အခြေခံပြောရရင် နိုး လို့ဆိုလိုတာပါလား။ သူ့ကိုသမတဖြစ်ဘို့ ခွင့်မပေးတာပေါ့။
• ကျွန်တော် နိုးလို့မပြောပါ။ ဥပဒေအရပါ။
• တိုင်းပြည် အလုပ်ဖြစ်ဘို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့တွဲမလုပ်လိုဘူးလား။
• အရေးကြီးတာက ရေရှည်အမျိုးသားအကျိုးစီးပွါးဖြစ်ပါတယ်။
• သူနဲ့လုပ်နိုင်မယ်လို့ ထင်ပါသလား။
• ဘာလို့ မလုပ်နိုင်ရမှာလည်း။
• သူ့ကိုကော ယုံပါသလား။
• တိုင်းပြည်အတွက် ကောင်းတဲ့ရလဒ်ထွက်ပေါ်လာမယ်ဆိုရင် ကျွန်တော်တို့တွဲလုပ်နိုင်ပါတယ်။ ပူးပေါင်းရွက်ဆောင်မှုဆိုတာ နည်းလမ်းတွေအများကြီးရှိပါတယ်။
• ဒေါ်အောင်ဆန်းစုကြည်နဲ့ အပေးအယူလုပ်ဘို့ ခက်မယ်လို့ထင်ပါသလား။
• ရလဒ်ကောင်းမယ်သာဆိုရင် ညှိနှိုင်းလို့ရပါမယ်။
• အချိန်အရ အရပ်သားတွေကို အာဏာပိုပေးရမယ်လို့ ယူဆပါသလား။
• တိုင်းပြည်ကလည်းတည်ငြိမ်နေမယ်ဆိုရင် အရပ်သားအစိုးရကိုအာဏာပေးဘို့ ဆန္ဒရှိပါသလား။
• ဟုတ်။
• ဘယ်လိုအချက်တွေဟာ တိုင်းပြည်တည်ငြိမ်တယ်လို့ သတ်မှတ်ထားပါသလည်း။
• နံပါတ်တစ်ကတော့ တိုင်းရင်းသားပြသနာ။ ကျွန်တော်တို့ တကယ့်ပြည့်စုံတု့ငြိမ်းချမ်းရေးရဘို့လိုတယ်။ နံပါတ်နှစ်ကတော့ ပါတီစုံဒီမိုကရေစီစနစ်ရင့်ကျက်လာရမယ်။ တတိယကတော့ တိုင်းရင်းသားတွေနေဲ့ အစိုးးရ ဆက်ဆံရေးပိုကောင်းရမယ်။
• တိုင်းရင်းသားရှစ်ဖွဲ့နဲ့သာ အစိုးရနဲ့အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးနိုင်ထားတယ်။ အခု ကျန်အဖွဲ့တွေနဲ့ပါ လက်မှတ်ထိုးဘို့ လိုသေးတယ်ပေါ့။
• ဟုတ်။ ကျန်အဖွဲ့တွေကိုလည်း အပစ်ရပ်စဲရေးကိုဆွဲခေါ်ဘို့လိုပါမယ်။
• မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာတွေကိုဆက်ဆံမှုကို ဘယ်လိုသဘောရပါသလည်း။
• ကျွန်တော်တို့က ရိုဟင်ဂျာစကားလုံးကို ခွင့်မပြုပါဘူး။ သူတို့ကဘင်္ဂါလီတွေပါ။ သူတို့ဟာ တိုင်းရင်းသားတွေ မဟုတ်ပါဘူး။ နိုင်ငံသားတွေလည်းမဟုတ်ပါဘူး။ သူတို့က ဘင်္ဂလားဒက်ရှ်ကပါ။
• လူကြီးမင်းအနေနဲ့ ယူအက်စ် ဆန်ရှင်ရုပ်သိမ်းဘို့လိုလားပါသလား။
• ဟုတ်။ ဆန်ရှင်တွေရုပ်သိမ်းတာ ကောင်းပါတယ်။
• ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၆၃ ကိုပြန်သွားပါရစေ။ ဖွဲ့စည်းပုံပြင်ဆင်ဘို့အတွက် ၇၅% လိုအပ်တယ်။ လွှတ်တော်မှာ စစ်တပ်က ၂၅% ယူထားတယ်။ ဖွဲ့စည်းပုံပြင်ဘို့ ဗီတိုနဲ့ပိတ်ပင်ထားတယ်။ အခု NLD ကို မဲအများကြီးပေးလိုက်ကြတယ်။ အဲတာကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပိုလွယ်ကူစေအောင် အဲဒီပုဒ်မကို ပြင်မှာလား။
• ကျွန်တော်တို့ တပ်မတော်က အမျိုးသားနိုင်ငံရေးကို အလေးထားပါတယ်။ ဘက်လိုက်တဲ့နိုင်ငံရေးကိုမဟုတ်ပါ။ ကျွန်တော်တို့က ဖွဲ့စည်းပုံပေါ်မှာ တင်းတင်းကြပ်ကြပ်မဟုတ်ပါ။ တပြည်လုံးအပစ်အခတ်ရပ်စဲရေးလည်း လက်မှတ်ထိုးပြီးကြပြီ။ ဒါပေမယ့် တိုင်းပြည်မှာ ပိုတည်ငြိမ်ရင့်ကျက်တဲ့နိုင်ငံရေးအခြေအနေလိုပါသေးတယ်။ ကျွန်တော်တို့ တဖြေးဖြေးခြင်းပြောင်းရမှာပါ။ အခု အဆင်သင့်မဖြစ်သေးပါ။
• အရပ်သားတွေကိုအာဏာပိုပေးဘို့ရာ ပိုအဆင်ပြေအောင် ဘာလိုပါသေးသလည်း။
• တိုင်းပြည်တည်ငြိမ်မှုနဲ့ လူထုကဒီမိုကရေစီကျင့်စဉ်ကိုနားလည်ဘို့ဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာ ဒီမိုကရေစီ ပြောင်းတာနဲ့ အခက်အခဲတွေကြုံကြရတယ်မဟုတ်ပါလား။
• လူကြီးမင်းက အရှေ့အလယ်ပိုင်းနဲ့ အာရတ်နွေဦးကိုရည်ညွှန်းတာပါလား။
• အရှေ့အလယ်ပိုင်းတိုင်းပြည်တွေက အဆိုးဆုံးဥပမာတွေပါ။ ကျွန်တော်တို့ ဒီမိုကရေစီအတွေ့အကြုံ သက်တမ်း နုပါသေးတယ်။ ရလဒ်ကောင်းတွေရအောင် စိတ်ရှည်ရပါမယ်။ ကျွန်တော်တို့တိုင်းပြည်ကို ရလဒ်မြန်မြန်ဆန်ဆန်ရအောင်လုပ်ဘို့ အလွန်ခက်ပါတယ်။
• လူကြီးမင်းအနေနဲ့ မဲပေးတဲ့နေက လူတွေ မဲပေးကြတဲ့ပုံစံကို သဘောကျပါသလား။
• ကျွန်တော်ထင်ပါတယ် လက်ရှိအစိုးရဟာ လူတွေလိုအင်တွေကိုဖြည့်ဆီးမပေးနိုင်ခဲ့ပါ။ အခုတော့ လူထုကနေ သူတို့ဆန္ဒတွေကိုဖြည့်ဆီးပေးနိုင်မယ့်သူတဦးကိုရွေးချယ်လိုက်ကြပါပြီ။ နောက်တဆင့်က ရွေးချယ်ခံထားရသူကနေ ဖြည့်ဆီးပေးဘို့သာရှိပါတယ်။
• ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောတဲ့အခါ လူကြီးမင်းရဲ့တပ်သားတွေအတွက် လွတ်ငြိမ်ချမ်းသာခွင့် တောင်းမှာပါသလား။
• ကျွန်တော့်အနေနဲ့ စိုးရိမ်စရာလုံးဝမရှိပါ။
• ဟုတ်ပါတယ်။ လူကြီးမင်းအနေနဲ့တော့ နှစ်များစွာတုံးကဖြစ်ပျက်ခဲ့တာတွေအတွက် တာဝန်မရှိပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေအေ့းမှာ လုပ်ခဲ့တာတွေအတွက် နောင်တနဲ့ နာကျင်စိတ်ခံစားမှု မရှိပါလား။
• ကျွန်တော်က အဲဒီအခြေအနေအတွက် တာဝန်မရှိပါ။ အဲတာက အရင်နိုင်ငံရေးအခြေအနေကြောင့်ဖြစ်တာပါ။
• အစိုးရသစ်နဲ့ဆွေးနွေးတဲ့အခါမှာ ဘယ်ဟာက မျဉ်းနီပါလည်း။ ဒေါ်စုက ဘယ်ခေါင်းစဉ်ကိုမဆို ဆွေးနွေးနိုင်ပါသလား။ ဘယ်ဟာတွေကိုတော့ မပြောလိုပါသလည်း။
• ကျွန်တော်က ပြင်ဆင်ထားပြီးသားပါ။ ဖြေနိုင်တယ်။ ဆွေးနွေးနိုင်တယ်။ ဘယ်ခေါင်းစဉ်လာလာပါ။ ဖြေမှာပါ။
• တကယ်လို့ ၅၉ (စ) ကိုပြင်ဘို့ပြောလာရင်ကော။ ဘယ်လိုပြန်ပြောမလည်း။
• ကျွန်တော့်အမြင်ကို ရှင်းပြယုံပါပဲ။
• ရွေးကောက်ပွဲရလဒ်ကို စစ်ရေးအရဝင်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူးလို့ အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းကို အာမခံချက်ပေးနိုင်ပါသလား။
• ကျွန်တော်တို့ရွေးကောက်ပွဲက သန့်ရှင်းမျှတပါတယ်။ သမတကလည်းအာဏာလွှဲပြောင်းပေးဘို့ သဘောတူပြီးပါပြီ။ အဲတာမှတ်ကန်ပါတယ်။ ကျွန်တော်တို့လည်း သမတအတိုင်းလိုက်ရမှာပါ။
မှတ်ချက်။ ဘာသာပြန်တာကို အမြန်လုပ်ထားလို့ အနည်းငယ်ကွဲလွဲရင် ကျွန်တော့်တာဝန်ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး