Thursday, November 5, 2015

Steady mind စိတ်တည်ငြိမ်မှု

ခုရက်တွေမှာ စိတ်တွေလှုပ်ရှားနေကြတယ်လို့ ပြောကြသူမနည်းပါ။ Emotion အီမိုးရှင်းကို စိတ်ခံစားမှုလို့ ခေါ်ကြတယ်။ လူတိုင်းကိုယ်စီမှာ တခုခုနဲ့ကြုံရတိုင်း နေ့တဓူဝဖြစ်နေကြတယ်။ အကြောင်းခံကနေဖြစ်လာတဲ့ အကျိုးပါ။ စိတ်မူ၊ စိတ်နေစိတ်ထား၊ တဦးချင်းပုံစံ၊ တွန်းအားစတာတွေနဲ့ ရောယှက်နေတယ်။ လူတဦးချင်းရဲ့ အတွေးအခေါ်ကလည်း အီမိုးရှင်းဖြစ်ရာမှာ အရေးပါတယ်။ အတွေ့အကြုံအပေါ်မှာလည်း မူတည်တယ်။

စိတ်ခံစားမှုဖြစ်ရင် ကိုယ်ခန္ခာမှာပြောင်းလဲလာမှုတွေဖြစ်လာတယ်။ ဥပမာ အန္တရာယ်နဲ့ကြုံရတဲ့အခါ အာရုံကြောစနစ်ကနေ တုန့်ုပြန်တယ်။ နှလုံးခုန်ုမြန်လာမယ်။ ချွေးပြန်မယ်။ ကြွက်သားတွေတောင့်တင်းလာမယ်။ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းအပြောင်းအလဲတွေ ဖြစ်ရာကနေ အမူအယာပါပြောင်းလာမယ်။ ရှုတ်ထွေးပါတယ်။

အမှန်က ကျွန်တော်တို့လူတွေ စိတ်လှုပ်ရှားနေကြတာပါ။ Excitement အိတ်ဆိုက်မင့်ကို စိတ်လှုပ်ရှားမှုလို့ ဘာသာပြန်တယ်။ စိတ်အားတက်ကြွမှုပါတယ်။ ဖြစ်လိုဇောကြီးတာလည်းပါတယ်။ စိတ်စောတာလည်းပါမယ်။ စိတ်ခံစားမှုများတဲ့သူတွေက စိတ်လှုပ်ရှားမှုမှာပိုကြတယ်။ စိတ်ခံစားမှုကို ထိန်းနိုင်သူမှသာ စိတ်လှုပ်ရှားမှုကို ထိန်းနိုင်ပါမယ်။ စိတ်ခံစားမှုဆိုတာ အကောင်းကိုကြုံလို့ဖြစ်ပေါ်တာကို ထိန်းနိုင်သူမှသာ အဆိုးနဲ့ကြုံတဲ့အခါမှာ သက်သာပါတယ်။

မြန်မာပြည်သားတွေ ရွေးကောက်ပွဲရလဒ် ဘယ်လိုဟာနဲ့ ကြုံမလည်းအတွက် စိတ်တက်ကြွမှုများနေကြတယ်။ အကောင်းဆုံးကို မျှော်လင့်ပါ၊ အဆိုးဆုံးအတွက် ပြင်ဆင်ထားပါဆိုတာ လူသိများပါတယ်။ ကျွန်တော်ပေးချင်တဲ့ အကြံကတော့ ရလဒ်ဘယ်လိုပဲလာလာ တည်ငြိမ်ကြပါ။

ဒေါက်တာတင့်ဆွေ
၅-၁၁-၂ဝ၁၅

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Plasma Donations from Recovered COVID-19 Patients ကရိုနာဗိုင်းရပ်စ်လူနာ သွေးသွင်းကုသပေးနေပြီ

ကရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြန်ကောင်းလာသူရဲ့သွေးကို လိုအပ်တဲ့လူနာတွေကို သွင်းပေးကုသနည်းကို စမ်းသပ်နေပါတယ်။ သွေးထဲက ပလာစမာအရည်ကိုသွင်း...