The Losers ဗထက်ချိုက်

ရွေးကောက်ပွဲမှာ ရှုံးတဲ့သူတွေပြောစကားတွေ ပလူပျံနေပါရောလား။ မဲမပေးခင်က မိုးမွှန်ခဲ့တာတွေနဲ့ ချိန်ထိုးကြည့်ရင် ကွာခြားချင်တိုင်း ကွာခြားလှပါတကား။

ကော်မရှင်ကို မေတ္တာရပ်ခံချင်တယ်။ နောက်ကျမဲနဲ့ သူတို့ကနိုင်တယ်လို့ လုပ်ပေးလိုက်ပါလား။ ဘာစကားတွေ ပြောကြမလည်းလို့။

ဗလုံးဗထွေး၊ ဗလောင်းပလဲ၊ ဗယောက်ဗယက်၊ ဗရချာ၊ ဗရပွ၊ ဗရုတ်သုတ်ခ၊ ဗရွတ်ရွှတ်တ၊ အဆံမပါဗလာကျင်း၊ ဗလောင်းဗလဲတွေကို ဗဟုဝုစ်ကြွယ်ကြွယ်နဲ့ ဗလောင်ဆန်အောင် ဗလစ်ဗလစ်ပြောကြမှာမို့ ဗလာစာအုပ်ထဲ မှတ်ထားရအောင်လို့။ ဗဟုသုတရတာပေါ့။

ဒေါက်တာတင့်ဆွေ
၂၃-၁၁-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)