Rejoicing in the success of others မုဒိတာ

ရွေးကောက်ပွဲမှာ NLD ပါတီကအနိုင်ရလိုက်လို့ NLD မဟုတ်ကြတဲ့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးသုံးသပ်သူတွေလည်း မုဒိတာပွါးနိုင်ကြတာကြားရလို့ ဝမ်းသာရတယ်။

မုဒိတာဆိုတာ ဝမ်းမြောက်ခြင်းပါ။ သူတပါး စည်းစိမ်ချမ်းသာတာ၊ အောင်မြင်မှုရတာမှာ ဝမ်းမြောက်တာကိုဆိုလိုပါတယ်။ ဝမ်းမြောက်ခြင်းကူးစက်တာ မျှဝေတာနဲ့မတူပါ။

အဲလိုဖြစ်ဘို့ဆိုတာ လွယ်တာတော့မဟုတ်ပါ။ တွေ့လို့ ပြုံးပြတာ၊ ဝတ္တရားအရ ကွန်ဂရက်ကျူလေးရှင်းလုပ်တာနဲ့မတူပါ။

အမျိုးသားသွေးစည်းညီညွတ်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ မုဒိတာတရား အပြန်အလှန် ထားနိုင်ကြမှ အောင်မြင်နိုင်မှာပါ။ ၂ဝ၁၅ ရွေးကောက်ပွဲရလဒ်ကနေရစေတဲ့အကျိုးတရားဟာ အင်မတန်ကြီးမားပါပေတယ်။ အနိုင်ရတဲ့ပါတီကသာရလိုက်တာ မဟုတ်တဲ့အချက်ဟာ ဝမ်းမြောက်စရာအမှန်ပဲဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂ဝ၁၅

Comments