Thursday, November 5, 2015

Kitchen Cabinet မီးဖိုချောင် ကက်ဗိနက်

မနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်စုကနေ သမတအထက်မှာသူရှိနေမယ်လို့ပြောလိုက်တာက တကမ္ဘာလုံးကို ရိုက်ခတ်သွားပါတယ်။

ကျွန်တော်က ရေဒီယိုတခုမှာ မီးဖိုချောင် ကက်ဗိနက်နဲ့ချိန်ထိုးပြီးပြောလိုက်ပါတယ်။ မီးဖိုချောင်ကက်ဗိနက် စကားလုံးကို တိုက်ရိုက်ပြောရင် မီးဖိုချောင်ထဲမှာ ချက်ပြုတ်ဆေးကြောရာမှာသုံးတဲ့ပစ္စည်းတွေ ထားသိုတဲ့ဗီဒိုလေးတွေကို ဆိုလိုပါတယ်။

နိုင်ငံရေးအသုံးကတော့ အစိုးရအဖွဲ့ခေါင်းဆောင်ကို အကြံပေးနေတဲ့ အကြံပေးတွေ၊ အရာရှိတွေအစုကို ခေါ်တာပါ။ သူတို့ဟာ ဝန်ကြီးတွေထက် သြဇာရှိကြပါတယ်။ နမူနာတခုကတော့ Andrew Jackson's Kitchen Cabinet အမေရိကန် သတ္တမမြောက် သမတ (အင်ဒရူး ဂျက်ဆင်) ရဲ့ တရားဝင်မဟုတ်တဲ့ ဝန်ကြီးအဖွဲ့ဖြစ်ပါတယ်။

မြန်မာပြည်မှာ မီးဖိုချောင်ကက်ဗိနက်ကို တွင်တွင်ကျယ်ကျယ်သုံးခဲ့တာ နှစ်ကြိမ်ရှိပါပြီ။ ဖဆပလ ဝန်ကြီးချုပ်ဦးနု လက်ထက်ကနဲ့ နဝတ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်တွေကဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ ဖွဲ့စည်းပုံနဲ့ ချိန်မထိုးခဲ့ကြပါ။

ဒေါ်စုကို ပြစ်တင်ကြသူတွေထဲမှာ ဝါရင့်နိုင်ငံခြားသတင်းထောက်ပါသလို သမတရုံးကအရာရှိလည်းပါတယ်။ ဖွဲ့စည်းပုံနဲ့ မကိုက်ညီဘူးလို့ ဆိုကြပါတယ်။ ဒေါ်စုခပ်ပေါ့ပေါ့လေးပြောသလို ဖွဲ့စည်းပုံထဲမှာ သမတအထက်မှာ ဘယ်သူမှမရှိရလို့ ရေးမထားပါ။

သားဖြစ်သူက ဝန်ကြီးချုပ်ဖြစ်လာလို့ သု့ဖခင်ဆုံးမတာကို ဝန်ကြီးချုပ်အနေနဲ့ နာခံစရာမလိုတော့ဘူးလို့ ပြောမရပါ။ လိုက်နာလို့လည်း အပြစ်မရှိပါ။ဝန်ကြီးချုပ်ဟာ ဖွဲ့စည်းပုံနဲ့မလွတ်သရွေ့ သူ့အဖေ့စကားကို နားထောင်နိုင်ပါတယ်။ အဲတာကြောင့် သူ့အဖေက ဖွဲ့စည်းပုံအထက်မှာရှိတယ်လို့ ဘယ်လိုလုပ်ပြောနိုင်ပါ့မလည်း။

ဒေါက်တာတင့်ဆွေ
၆-၁၁-၂ဝ၁၅
Photo: Andrew Jackson's Kitchen Cabinet

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Plasma Donations from Recovered COVID-19 Patients ကရိုနာဗိုင်းရပ်စ်လူနာ သွေးသွင်းကုသပေးနေပြီ

ကရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြန်ကောင်းလာသူရဲ့သွေးကို လိုအပ်တဲ့လူနာတွေကို သွင်းပေးကုသနည်းကို စမ်းသပ်နေပါတယ်။ သွေးထဲက ပလာစမာအရည်ကိုသွင်း...