TWO နှစ်

ဒီဇင်္ဘာ နှစ်ရက်နေ့မှာ နှစ်ယောက်နဲ့တွေ့မယ်။

နှစ်ဘာသာဖြေရမယ်ပေါ့။ နှစ်ချင်းပေါက်အောင်မှာတော့ သေချာတယ်။

တိုင်းပြည်အတွက် နှစ်နှစ်ကာကာကောင်းစေဘို့ရာ ပြောဆိုဆွေးနွေးကြမှာပါ။

လူတွေလည်း နှစ်ခြိုက်ကြမယ်၊ နှစ်မြို့ကြမယ်၊ နှစ်လိုကြမယ်၊ နှစ်ထောင်းအားရရှိကြမယ်ထင်ပါတယ်။

နှစ်ချို့တွေ၊ နှစ်ပရိစ္ဆေဒရှည်ကြာနေတဲ့ဟာတွေကလည်း အများသားမဟုတ်လား။

နှစ်သိမ့်စကားသာ မဟုတ်ပါ။ နှစ်ကုန်ရင်တော့ အောင်စာရင်းထွက်ပြီပေါ့။

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး