ODA ဂျပန် အိုဒီအေ

ဂျပန်ကနေပေးနေတဲ့ Official Development Assistance (ODA) တရားဝင်ဖွံ့ဖြိုးမှုအကူအညီနဲ့ စစ်လျော်ကြေးမတူပါ။

ODA ကို ချမ်းသာတဲ့ နိုင်ငံတွေကနေ အကူအညီပေးတာဖြစ်တယ်။ ၁၉၅၄ ကနေစခဲ့တယ်။ အဲတာကလည်း ဂျပန်ကနေ ကိုလံဘီုမံကိန်း လက်မှတ်ထိုးပြီးဖြစ်တယ်။ ၂ဝဝ၃ စာရင်းအရ ODA အကူအညီတန်ဖိုး စုစုပေါင်း ဒေါ်လာ ၂၂၁ ဘီလီယန် ရှိတယ်။ Organisation for Economic Co-operation and Development (OECD) စီးပွါးရေးနဲ့ ဖွံ့ဖြိုးရေး ပူးပေါင်း လုပ်ဆောင်ရေးအသင်းကြီးကနေ လုပ်တာဖြစ်တယ်။ ၂၈ နိုင်ငံပါတယ်။

အီးယူ European Union – $86.66 billion
ယူအက်စ် United States – $31.55 billion
ယူကေ United Kingdom – $17.88 billion
ဂျာမဏီ Germany – $14.06 billion
ဂျပန် Japan – $11.79 billion
ပြင်သစ် France – $11.38 billion
ဆွီဒင် Sweden – $5.83 billion
နော်ဝေ Norway – $5.58 billion
နယ်သာလင် Netherlands – $5.44 billion
ကနေဒါ Canada – $4.91 billion
ၾသစေတးလ် Australia – $4.85 billion

လက်ခံရှိတဲ့နိုင်ငံပေါင်း ၁၈၅ နိုင်ငံရှိတယ်။ မြန်မာပြည်ပါတယ်။ ၁၉၈၈ အရေးအခင်းကြီးနဲ့ စစ်အစိုးရတွေကနေ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကျူးလွန်လို့ ODA ရပ်ထားတာတွေရှိခဲ့တယ်။

မြန်မာပြည်နဲ့ ODA
မြန်မာပြည်မှာ ၁၈-၉-၁၉၈၈ နေ့မှာ စစ်အာဏာသိမ်းကတည်းက ဂျပန်ကနေ OEDC နိုင်ငံတွေနဲ့အတူ ODA ပေးနေတာကို ရပ်စဲလိုက်တယ်။ ဒိအရင်က ဂျပန်ကနေ အကူအညီ စုစုပေါင်း ၂့၁ ဘီလီယန်ပေးခဲ့တယ်။ အဲတာထဲမှာ ¥400 billion in ODA ချေးငွေ၊ ¥95 billion ဂရန့်ငွေပါဝင်တယ်။ ၁၉၈၉ မှာ တစိတ်တပိုင်းပြန်ပေးခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထပ်ချတဲ့အခါ ၄-၇-၂ဝဝ၃ နေ့မှာ ODA အားလုံးရပ်လိုက်တယ်။

ODA အကူအညီတွေထဲမှာ အကြွေးလျှော်ပြစ်တာလည်းပါတယ်။ ၁၉၉၁ ကနေ ၂ဝဝ၃ အထိ ¥90 billion ရှိတယ်။ ODA ရဲ့ ၇၅% ရှိတယ်။ ၂ဝဝ၆ အထိ မြန်မာပြည်က ဂျပန်ကိုပေးဆပ်ဘို့ အကြွေးစုစုပေါင်း ¥273.5 billion ရှိတယ်။

၁။ Yangon International Airport ရန်ကုန်လေဆိပ်ပြုပြင်မွမ်းမံရေးအကူအညီ
အဲဒါကို ODA ထဲကနေပြန်ပေးမယ်လုပ်တော့ ဝိုင်းကန့်ကွက်ကြတယ်။ ¥2.5 billion in loan ပေးတာဖြစ်တယ်။ ၁၉၈၃ ကတည်းကသဘောတူထားတာက 1983 (¥14.3 billion), 1984 (¥8.3 billion) and 1985 (¥4.4 billion) စုစုပေါင်း ¥27 billion ဖြစ်တယ်။

၂။ Baluchaung Hydro-electric Power Station ဘီင်္လူးချောင်း ရေအားလျှပ်စစ်စီမံကိန်း
၂ဝဝ၁ မှာစတယ်။ ဂျပန်က စစ်အစိုးရခေါင်းဆောင်တွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေဘို့ အားပေးတဲ့ အနေနဲ့လို့ ဂျပန်အစိုးရကအကြောင်းပြပါတယ်။ ၁ဝ-၅-၂ဝဝ၂ နေ့ ဒေါ်စုကိုပြန်လွှတ်ပေးအပြီး လေးရက်အကြာမှာ ¥628 million အကုအညီစာချွန်လွှာ လက်မှတ်ထိုးတယ်။ ဘီလူးချောင်း (၂) ရေအားလျှပ်စစ်ကို ဂျပန်အကူအညီနဲ့ ၁၉၆ဝ ကတည်းက ပြီးစီးထားတာဖြစ်တယ်။ ¥10.3 billion ကုန်ကျခဲ့တာပါ။ စစ်လျော်ကြေး စုစုပေါင်း ¥71.2 billion ထဲက ၁၅% ဖြစ်တယ်။ ၁၉၆၃ သဘောတူညီချက်အရ Nippon K°ei နဲ့ Marubeni တို့ကနေ ၏လုပ်တယ်။ ၁၉၈၁ မှာ လိုအပ်တာတွေပြင်ဘို့ ¥16 billion ချေးတယ်။ ပြင်ဆင်တာတွေက ၁၉၉၂ မှာပြီးစီးတယ်။ ၂ဝဝ၂ မှာ ¥3.3 billion နဲ့ ဖွံ့ဖြိုးမှုလေ့လာရေးလုပ်တယ်။ အနောက်နိုင်ငံတွေက ကန့်ကွက်ကြတယ်။

လက်ရှိ ODA အနေအထား
၁၆-၁ဝ-၂ဝ၁၅ နေ့က နေပြည်တော်မြို့မှာ ဂျပန်-မြန်မာ သဘောတူညီချက်လက်မှတ်ထိုးကြတယ်။ စီမံကိန်း ၃ ခုအတွက် ODA ချေးငွေစုစုပေါင်း 99.85 billion yen ပေးဘို့ဖြစ်ပါတယ်။ (၁) ရန်ကုန် မြို့ပတ်ရထား ပိုမိုကောင်းမွန်စေရေး၊ (၂) တည်ငြိမ်တဲ့ လျှပ်စစ်ဓါတ်အားရရှိရေးနဲ့ (၃) တိုးတက်ကောင်းမွန်တဲ့ နိုင်ငံတကာ ထရပ်ကား သယ်ယူပို့ဆောင်ရေးအတွက် သုံးစွဲမှာဖြစ်ပါတယ်။ လက်ရှိအစိုးရ ၂ဝ၁၁ မတ်လမှာ တက်လာပြီး ODA ကို ၂၅ နှစ်ရပ်ထားခဲ့ရာကနေ ၂ဝ၁၃ ကစပြီး ပြန်ပေးလာတာဖြစ်ပါတယ်။

Project title Amount (million yen) Annual interest rate (%) Repayment (years) Grace period (years) Procurement
Project Consulting services
(1) Yangon Circular Railway Line Upgrading Project 24,866 0.01 0.01 40 10 General untied
(2) National Power Transmission Network Development Project Phase II 41,115 0.01 0.01 40 10 General untied
(3) East-West Economic Corridor Improvement Project 33,869 0.01 0.01 40 10 General untied

မြန်မာနိုင်ငံမှာ စစ်အစိုးရတက်လို့ ODA တမျိုးတည်း ၂၅ စာနစ်နာခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည့် ဂျပန်သွားရင် ဘယ်လို အကူအညီတွေ လာရမလည်း။ နည်းပညာနဲ့ စည်းစံနစ်ကျတာရချင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး