ဝေဇယန္တာ

ဝေဇယန္တာ နန်းဘုံ
မြမန်းလေး ဇေရဂုံ
ယမုံငယ်လေ သောင်ငွေကျွန်း
သီတာဖီလာ့ ဝန်းရံခွေ
ရွှန်းရွှန်းဝေ အလို ရွှန်းရွှန်းဝေ

မြန်သပြေဘောင် ညာကျွန်း
ပျံ့မွှန်းလေး မင်္ဂလာ
ဇေယျာငယ် သြဘာကြွေး
ပဉ္စင်တံမြွှာ သံဝါကျူးရင့်အေး
သင်းသင်းမွှေး အလို သင်းသင်းမွှေး

အို့ ဗြဟ္မာငယ်လေးကြူး
တိမ်ယံဗွေ လေပြေမြူး
အာကာဘောင်
မြူမှောင် ချီချီ
တိမ်ရီမှုန်ဝေဆိုင်း
မျှော်ရာတိုင်း ရှစ်ခွင်မင်းလွင်
တောင်စဉ် တိမ်စွယ်ကာ
မာလာသိင်္ဂါ
ထိန်ဖြာ မိလ္လာ
လွမ်းဖွယ်သာ
ညင်းညင်း ငြာ
အို့ ညင်းညင်းငြာ

ဝေဇယန္တာ - ဂီတလုလင် မောင်ကိုကို နှင့် တင်တင်မြ https://www.youtube.com/watch?v=BGnrS4EPu60

ဝေဇယန္တာ ယိုးဒယားသီချင်းကို ပြင်စည်မင်းသားရေးတယ်လို့ဆိုပါတယ်။ ပြင်စည်မင်းသားအကြောင်း မြန်မာ့စွယ်စုံကျမ်းနဲ့ ဝီကီပီးဒီယား ကွဲပြားနေတယ်။ မြန်မာ့စွယ်စုံကျမ်းက ငယ်အမည် တင်ပု လို့ဆိုပြီး၊ ဝီကီမှာ မောင်နဂါးလို့ ရေးထားတယ်။ ဘိုးတော်ဘုရားရဲ့ မြေးတော်ပြီး၊ ဆင်ဖြူရှင်လက်ထက် မြို့စားဖြစ်တယ်။ ပြင်စည်မင်းသား ရေးခဲ့တဲ့သီချင်းတွေစာရင်းမှာ ဝေဇယန္တာ ထည့်ထားတာ မတွေ့ရပါ။ ရွှေတညာ (ရွှေတစ်ညာ မဟုတ်)၊ ခိုင်ပန်းစုံ၊ တောမြိုင်ခြေ၊ ပန်းမြိုင်လယ်၊ တောတောင်စွယ်၊ နှင်းယွန်းခါဟေမန် သီချင်းတွေပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁၁-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး