World Television Day ကမ္ဘာ့ ရုပ်မြင်သံကြားနေ့

နိုဝင်္ဘာ (၂၁) ရက်နေ့ကို ကုလသမဂ္ဂကနေ ၁၇-၁၂-၁၉၉၆ နေ့စွဲပါ ဆုံးဖြတ်ချက်အမှတ် ၅၁/၂ဝ၅ အရ ကမ္ဘာ့ ရုပ်မြင်သံကြားနေ့လို့ သတ်မှတ်ထားပါတယ်။ ၁၉၉၆ နိုဝင်္ဘာလာ (၂၁) နေ့ကတည်းကစတာပါ။ တယ်လီဗီးရှင်း ကနေတဆင့် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ စီးပွါးရေး၊ လူမှုဖွံ့ဖြိုးရေးနဲ့ ယဉ်ကျေးမှုဖလှယ်တာတွေလုပ်နိုင်ကြလို့ အထူးပြုတာဖြစ်ပါတယ်။

သဘောမတူသူတွေလည်းရှိတယ်။ World Press Freedom Day; World Telecommunication Day; and World Development Information Day တွေရှိထားပြီးပြီလို့ ထောက်ပြပါတယ်။

ကျန်းမာရေးမေးကြသူတွေက TB တီဘီရောဂါကို တီဗွီလို့ရေးတာ သိပ်မနည်းလှပါ။ မျက်စိကျန်းမာရေးစာတပုဒ်မှာ တီဗွီတွေ၊ ကွန်ပြူတာတွေမပေါ်ခင်က လူ့မျက်စိဆိုတာ Hunters' eyes မုဆိုးမျက်စိလို သုံးဘို့သာလိုခဲ့တယ်လို့ ရေးထားပါတယ်။

ကွန်ပြူတာမျက်နှာပြင်နဲ့ မျက်စိနဲ့ ၂ဝ-၂၄ လက္မ ကွာပါစေ။ Screen အလည်မှတ်ဟာ မျက်စိရဲ့ အောက် ၁ဝ-၁၅ ဒီဂရီ နိမ့်နေသင့်တယ်။ TV screen တီဗွီမျက်နှာပြင်နဲ့ဆိုရင် တီဗွီဒေါင့်ဖြတ်အတိုင်းအတာကို ၅ နဲ့ မြှောက်လို့ရတဲ့ အကွာအဝေးကနေသာ ကြည့်ဘို့သင့်တယ်။ ဥပမာ လက္မ ၂ဝ တီဗွီကို လက္မ ၁ဝဝ (၈ ပေ) အကွာကနေကြည့်ပါ။

မေ့မရတာလေးတခုလည်းရှိတယ်။ ၁၉၉ဝ ဒီဇင်္ဘာလထဲမှာ ကျွန်တော့်ကို စစ်ထောက်လှမ်းရေးတွေက လာဖမ်းတော့ ကျွန်တော်က ည (၈) နာရီတိတိ မြန်မာ့ရုပ်မြင်သံကြားသတင်းလာချိန်၊ ညစာစားနေချိန်ဖြစ်ပါတယ်။ သူတို့က တိုင်းပြည် အခွန်ငွေစားပြီး ကျွန်တော့် သွားနေ လုပ်နေ ထိုင်နေကျအထာတွေကို လိုက်မှတ်ထားကြတာကိုး။ အဲဒီနေ့ တီဗွီကြည့်ရင်း ညစာထမင်းစားမပြီးခင်မှာ ထွက်ပြေးခဲ့ရတယ်။ ကျွန်တော်နွေတုန်းကအလည်ပြန်တော့ အဲဒီနေရာနဲ့ ထိုင်ခုံလေးမှာ ထိုင်ခဲ့သေးတယ်။ တီဗွီလေးဘယ်ရောက်သွားလဲ မသိပါ။ ဒီအိမ်မှာလည်း တီဗွီမကြည့်ဖြစ်တာ ၃ ရက်လောက်ရှိပြီ။

ဒေါက်တာတင့်ဆွေ
၂ဝ-၁၁-၂ဝ၁၅
၂ဝ-၁၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး