အရိပ်နေနေ အခက်ချိုးချိုး

လူတယောက်သည် ခရီးသွားရာ၌ နေအလွန်ပူပြင်းလှသောကြောင့် ပင်ပန်းနွမ်းနယ်လျက်ရှိပြီး၊ ညောင်ပင်ကြီးတပင်၏ အနီးသို့ရောက်သဖြင့် ဝမ်းမြောက်ဝမ်းသာစွာ ခိုဝင်နားနေသည်။ များမကြာမီ ထိုသူမှာ တဖြည်းဖြည်း အမောပြေလာပြီး အိပ်ပျော်သွားလေ၏။

အိပ်ရာမှာ နိုးသောအခါ ဤအပင်ကြီး၏ အကိုင်းအခက် ပေါများလှသည်ကိုတွေ့ရ၍ မိမိမောပန်းစဉ်က ခိုဝင်နားခဲ့ရသည့် ကျေးဇူးကိုမထောက်ပဲ ညောင်ကိုင်းများကို ထင်းဆိုက်ရန် ချိုးယူခြင်းများ ပြုလုပ်လေသည်။

ထို့အတူ လူများမှာလည်း အခြားသူတဦးတယောက်အပေါ် မှီခိုအားကိုး နေထိုင်ခဲ့ပြီးနောက် ထိုသူ၏ကျေးဇူးကို မထောက်ထားပဲ မိမိ၏အလိုဆန္ဒ ပြည့်ဝစေရန် ပြန်လည်ပြီး မကောင်းကြံစည်မှု ပြုလုပ်တတ်သည်ကို ဖော်ပြထားသော စကားပုံဖြစ်သည်။

မောင်ကျော်ဇော (စာပေဗိမာန်) က မြန်မာဆိုစကားကို မြန်မာစာမှန်အောင် ရေးထားတယ်။

ကနေ့ မြန်မာစာကိုတတ်မြောက်သူတိုင်း အရင်ကရေးထားခဲ့တဲ့စာတွေကို ဖတ်ခဲ့ကြပါတယ်။ အဲဒီစာတွေရဲ့ ကျေးဇူးကို မထောက်ထားပဲ သတ်ပုံတွေပြင်ရေးနေကြခြင်းဟာလည်း အရိပ်နေနေ အခက်ချိုးချိုးလုပ်နေကြခြင်းသာဖြစ်တယ်။

ညောင်ပင်ကြီးနဲ့တူတဲ့ မြန်မာစာ ထင်းချိုးသူတွေရန်က ဝေးပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး