သတ်ပုံမှားဆေးနည်း

Bell’s Palsy ခေါ် မျက်နှာတခြမ်းလေဖြတ်ခြင်းပို့စ်အောက်မှာ ကွန်မင့်ကနေ ကိုယ်ပိုင်ဆေးနည်းပေးတာ ဖတ်ရတယ်။ ကိုယ့်နည်း ကိုယ့်နေရမှာသာရေးပါရန်ပြောရတာ အခါ ၅၀ လောက်တော့ရှိပြီ။

ညီမလေဖြန်းချင်တာပါးရွဲ့ဖူးတယ်သံမရာသီးများများလိမ့်ပေးပါအကိုတုန်းကစပါးကျီးသဲချေအစစ့့်

ဆေးနည်းတော့ မသိ။ သုသေနမရှိ။ ဆေးနည်းသတ်ပုံတွေကတော့ အတော်ကိုမှားနေတယ်။ သံပရာသီးလို့သာ ရေးရတယ်။ စပါးကြီးမြွေလို့သာရေးရတယ်။

သတ်ပုံမှားရင် ဆေးနည်းလည်းမှား။ သတ်ပုံမှားရင် တရားလည်း ဓမ္မမဟုတ်။

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး