Thanksgiving Day ကျေးဇူးတော်နေ့

မြန်မာပြည်နဲ့တော့ မဆိုင်ပါ။ ဒါပေမယ့် အမေရိကမှာနေထိုင်ကြတဲ့ မြန်မာလူမျိုး တသိန်းကျော် (၁ဝဝ,၂ဝဝ) အတွက်တော့ မသိမဖြစ်တဲ့ အကြောင်းအရာပါ။ ဒီမှာက သူတို့အရေးကြီးချင်တာကိုသာ ရေးကြီးခွင်ကျယ်လုပ်ကြပါတယ်။ စီးပွါးရေးပါ။

ကျေးဇူးတော်နေ့ကို အမေရိကနဲ့ ကနေဒါမှာကျင်းပကြတယ်။ တခြားနေရာတွေမှာလည်းရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က စိုက်ပျိုး ထုတ်လုပ်နိုင်တာအတွက် ကျေးဇူးတင်တဲ့သဘောဖြစ်ပါတယ်။ ခရစ်ယန်ယုံကြည်မှုအရ ဘုရားခင်ကို ကျေးဇူးတင်ကြတာပါ။ ကိုးကွယ်မှုမတူသူတွေအတွက်တော့ ရုံးတွေ ကျောင်းတွေပိတ်ရက်မို့ ပျော်ရွှင်ကြရတယ်။ အလုပ်ကတော့ ပိတ်တဲ့နေရာတွေမှာသာ ပိတ်ပါတယ်။ ပိတ်ရက်လုပ်ခရမယ်။ တဆခွဲ။

ယူအက်စ်မှာ နိုဝင်္ဘာလ စတုတ္တမြောက် ကြာသပတေးနေ့နဲ့ ကနေဒါမှာ ဒုတိယမြောက် တနင်္လာနေ့လို့ သတ်မှတ်ထားပါတယ်။ သမိုင်းအရ အင်္ဂလန်အစဉ်အလာကနေယူတယ်။ ခရစ်ယန် ပရိုတက်စတင့် ပြုပြင်ရေးကတည်းက စတယ်။ တရားဝင် ၁၆၂၁ ခုနှစ် မက်ဆာချူးဆက် (ပလိုင်းမောက်သ်) ကစခဲ့တာဖြစ်တယ်။ ဖက်ဒရယ် ရုံးပိတ်ရက် အဖြစ်က ၂၆-၁၂-၁၉၄၁ သမတ ဒီ ရု့ဇဗဲ့လ် လက်မှတ်ထိုးတာကနေစပါတယ်။ ကျေးဇူးတော်နေ့မှာ သင်္ကေတက ကြက်ဆင်သား စားသောက်ကြတယ်။ မိသားစုပြန်ဆုံကြတယ်။ မိတ်ဆွေအပေါင်းအသင်းတွေ စုဝေးစားသောက်ကြတယ်။

ကျေးဇူးတော်နေ့ရဲ့နောက်ရက် Black Friday အနက်ရောင်သောကြာနေ့ကိုပါ ဆက်ပြီးမှတ်သားရပါအုံးမယ်။ မကြာခင်မှာ လာတော့မယ့် ခရစ်မတ်အတွက်ဈေးဝယ်ကြတာဖြစ်ပါတယ်။ ဈေးလျှော့ရောင်းကြလို့ ဝယ်သူရောင်းသူတွေ အလွန် အလုပ်များတယ်။ စည်ကားကြတယ်။ ရုံးပိတ်ရက်တော့ မဟုတ်ပါ။ ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ်မှာ လူပေါင်း ၁၃၃ သန်းကနေ ဒေါ်လာ ၅ဝ့၉ ဘီလီယန်သုံးခဲ့ကြပါတယ်။ ဒါတောင်အရင်နှစ်ကထက် ၁၁% နည်းတာပါ။

၂၀၁၈ ခုနှစ် ခန့်မှန်းချက်ကတော့ အမေရိကန်တွေ $991.16 သန်းကုန်အောင်သုံးကြမယ်တဲ့။ စီးပွါးရေးပါပဲ။

ဒေါက်တာတင့်ဆွေ
၂ဝ-၁၁-၂ဝ၁၅


၂ဝ-၁၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး