မစ္စတာမောင်မှိုင်း

ကွန်မင့်ကနေ မေးပါတယ်။ အင်္ဂလိပ်ကိုမုန်းလို့ မစ္စတာအမည်ခံရေးတာ ဖတ်ဘူးလို့ပါ နောက်တော့ သ္ခင်ကိုတော်မှိုင်းလို့ အမည်ပြောင်းပြီး စာတွေရေးတာ ဖတ်ဘူးလို့ပါ မှားရင် ခွင့်လွတ်ပါ။

ကျီးသဲလေးထပ်ဆရာတော်၏ တပည့်ရင်း ဦးလွန်းဟာ ဆောင်းပါးတစောင်ရေးရင်း ဆောင်းပါးရှင်အမည် ဝှက်တပ်ရန် စဉ်းစားမိလေသည်။ ထိုကာလတွင် မြန်မာနိုင်ငံရှိ ကြွယ်ဝသော လူကုံထံအများသည် အုပ်စိုးသော ဗြိတိသျှလူမျိုးတို့၏ အသုံးအနှုန်းကို အလေးအမြတ်ထားလျက် တုပသုံးနှုံးနေကြသည်ဖြစ်ရာ မိမိတို့အမည်ရှေ့တွင် ဦး-မောင် အစား မစ္စတာကိုတပ်၍ မစ္စတာမည်သူမည်ဝါဟူ၍ အမြတ်တနိုးမှည့်ခေါ် ဂုဏ်ယူလျက် ရှိကြလေသည်။

ဝံသာနုမျိုးချစ်ဆရာကြီး ဦးလွန်းသည် အမျိုးခြားအမည်ကိုမှ အထင်ကြီးသူတစုအား ရွံမုန်းလျက် ထိုသူတို့၏ မစ္စတာအစွဲကို ချွတ်ရန် အားထုတ် ကြံစည်မိခဲ့လေသည်။ ဆရာကြီးသည် ရုတ်တရက် ချဉ်ပေါင်ရွက်သည်မောင်မှိုင်းကို သတိရသောအခါ အကြံရ၍ ထိုမျှလောက် မြတ်နိုးဂုဏ်ယူကြသည့် မစ္စတာကို ရစရာမရှိအောင် သူယုတ်မာကြာသမား မောင်မှိုင်းအမည်ဖြင့် တွဲစပ်လျက် ဆောင်းပါးရှင် မစ္စတာမောင်မှိုင်းဟူ၍ အမည်တပ်လိုက်လေတော့သည်။

သတင်းစာထွက်ပေါ်လာသောအခါ မစ္စတာအမည်ခံသူများသည် မခံမရပ်နိုင်ဖြစ်ကြ၍ သတင်းစာတိုက်သို့ ဆောင်းပါးရှင်ကို မေးမြန်းစုံစမ်းခြင်း၊ ဆဲရေးခြိမ်းခြောက်ခြင်းများ ပြုလုပ်သည်အထိ အုံကြွလေတော့သည်။ သို့ရာတွင် ဆရာကြီး၏ ကျေးဇူးကြောင့် ပုဂ္ဂိုလ်ကြီး အတော်များမျာပင် မစ္စတာကို စွန့်လွှတ်ကြ၍ မြန်မာအမည်များပင် တခေတ်ပြန်လည် ဂုဏ်တင်ခဲ့ရလေသည်။

၁၂၉၆ ခုနှစ်တွင်မှ မစ္စတာကိုဖြုတ်ကာ သခင်ကိုယ်တော်မှိုင်းဟူ၍ အမည်ပြောင်းလဲခဲ့လေရာ အမည်ရင်း ဦးလွန်းပျောက်၍ ဦးမှိုင်းဟူ၍ပင် အချို့မှတ်ထင်ခဲ့ကြလေသည်။

ဆောင်းပါးတစ်စောင် မဟုတ်။ အထင်ကြီးသူတစ်စုအား မဟုတ်။ ရုတ်တစ်ရက် မဟုတ်။ တစ်ခေတ်ပြန်လည် မဟုတ်။ ပေါ်လစီသတ်ပုံ မှိုင်းမိနေကြသူများ သိပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၃၀-၁၁-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး