သတ်ပုံမှား ပျောက်ဆေးတလက် သင့်အတွက်

သင့်ကလေးအတွက် ဆေးတခွက်
ဝမ်းတလုံး ကောင်းလိုပါလျှင်
လုပ်သားတို့အတွက် ဆေးတခွက်
ဆေးမရှိသော တီဘီရောဂါသည်တဦး
ချောင်းဆိုးပျောက်ဆေးတလက် သင့်အတွက်

ကျွန်တော်တို့ ဆေးကျောင်းသားဘဝမှာ ဆရာဝန်တင်ရွှေက ကျန်းမာရေးပညာပေးစာတွေရေးပါတယ်။ အဲဒီခေတ်မှာ ဆရာဝန်တွေရော ဆေးကျောင်းသားတွေပါ မြန်မာစာကို မှန်အောင်ရေးကြလို့ ဆေးပညာတွေလည်းမှန်တယ်။ စာဖတ်ရသူတွေလည်း မှန်မှန်ကန်ကန်အကျိုးတွေ ရစေခဲ့ပါတယ်။

ခုခေတ်မှာတော့ ဖေ့စ်ဘွတ်အကောင့်ရှိသူတိုင်းက ဆေးပညာပါမောက္ခတွေလို ဆေးနည်းတွေကို သတ်ပုံအမှားတွေနဲ့ ရေးနေကြတယ်။

ကျွန်တော် သတ်ပုံမှားပျောက်ဆေး ဖော်နေပါတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၁၁-၂၀၁၈

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး