တဆင်းတက်သော် တတောင်ကျော်

ကျွန်တော့်အဖွဲ့နဲ့ ကျွန်တော်တို့ဟာ ၁၉၉၀ ခုနှစ် ဒီဇင်္ဘာလ ဒုတိယပတ်မှာ အနောက်အရပ်ကိုဦးတည်ပြီး ချင်းတောင်ကြီးကို ကျော်ဖြတ်ခဲ့ကြပါတယ်။ တောင်တွေ တခုပြီးတခု ကျော်ရတယ်။ ချုံတောတွေလည်း တိုးရတယ်။ မိုးသောက်ကနေ နေဝင်အထိ။ စုစုပေါင်း ၆ ရက်နဲ့ ၅ ညတာ ကြာမြင့်ခဲ့ပါတယ်။ သျှင်ဥတ္တမကျော်ရေးထားခဲ့တာကို အမှတ်ရစေတယ်။

• တဆင်းတက်သော် တတောင်ကျော်
• တမှော်ငုပ်လျှိုး တချုံတိုး
• တမိုးသောက်လျှင် တနေဝင်
• တပင်မြိုင်ကြီး ဂနိုင်ဆီး

ခုခေတ်မှာ သျှင်ဥတ္တမကျော်ထက် သာသူတွေကတော့ တလို့ရေးရမှာကို တစ်နဲ့သာရေးကြတယ်။ အဲလိုရေးတာတွေ ဖတ်ရတာက တောင်တန်းကြီးတွေတက်ရတာထက် ပိုမောတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး