ကံ နဲ့ ကတ္တား

အဲဒီပုံကိုမြင်လို့ ဘာလဲမေးရတယ်။

ဟိုတယ်အတွက်လူနာတဲ့ ဆေးလာကုတဲ့လူတွေ အဖေါ်လိုက်လာတဲ့သူတွေ တည်းတဲ့ဟိုတယ်ဖြစ်မယ်။ ဗမာအလာများလို့ ဖြစ်မယ်ဆရာ။

အဲတာ ဘယ်မှာလဲ။ ကံ နဲ့ ကတ္တားပြောင်းပြန်ထားရေးထားတယ်။ ပြည်တွင်းမှာမဟုတ်ပဲ မြန်မာပြည်ကလူတွေ အနေများတဲ့တခြားတိုင်းပြည်က မြို့တမြို့ဖြစ်မယ်လို့ မှန်းဆမိပါတယ်။

အခုနေရတဲ့နေရာမှာလည်း မြန်မာဘာသာနဲ့ ပစ္စည်းဈေးနှုန်းတွေ၊ သတိပေးချက်စာတွေ တွေ့ရတယ်။ မှတ်တမ်းတွေ၊ လမ်းညွှန်တွေကို ဘာသာပြန်ထားပြီးသားတွေ တွေ့ပါတယ်။ အတော်များများက သဒ္ဒါတွေမှားနေတယ်။ ဝိဘတ်တွေလွဲ၊ သဘောမပေါက်ပါ။

ဒေါက်တာတင့်ဆွေ
၁၈-၁၁-၂ဝ၁၅
၁၈-၁၁-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး