Air Conditioner အဲကွန်ဒီရှင်း
ကျွန်မသမီးလေးက ၆လခွဲပါရှင့်။ ခေါင်းချွေးတအားထွက်နေ ပါတယ်ရှင့်။ နေ့ရောညရော အမြဲတမ်းထွက်နေပါတယ်။ အချိန်ပြည့် aircon ဖွင့်ပေးထားရပါတယ်။ အခုနှာစေးချောင်းတွေဆိုးနေလို့ပါ။ Aircon ခန်းမှာ အမြဲနေရင် ကျန်းမာရေး ထိခိုက်နိုင်ပါလားရှင့်။ Aircon ကြောင့်ဖြစ်တယ်လို့ လူကြီးတွေကဆူလို့ပါရှင့်။ ဘယ်လိုနေထိုင်ပြုမူရမလဲရှင့်။
မကြာခဏ အဲလိုမေးခွန်းတွေလာတယ်။ အဲကွန်ဒီးရှင်း ခေါ် အခန်းလေအေးပေးစက်။
သက်ရှိတွေဟာ လူဖြစ်ဖြစ် အကောင်တွေဖြစ်ဖြစ် အပင်တွေဖြစ်ဖြစ် နေထိုင်ရာနေရာတွေမှာ အပူအအေးမျှတ သင့်ကြပါတယ်။ တယောက်နဲ့တယောက် တမျိုးနဲ့တမျိုး မတူကြပါ။ သဘာဝပတ်ဝန်းကျင်ဆိုတာကလည်း ပြောင်းလဲနေတယ်။ အပြောင်းအလဲတိုင်းမှာ မျှတနေလေကောင်းလေ။
အဲကွန်ဒီးရှင်းဆိုတာ လေလုံတဲ့အခန်းမှာတပ်ဆင်ထားရတယ်။ အပူချိန်ကို အတိုးအလျော့လုပ်နိုင်တယ်။ လေလုံရာဖြစ်လို့ အခန်းထဲမှာ အနံအသက်ကောင်းတာတော့ နံတာပါလုံနေတာ သတိထားရတယ်။ ပိုပြီးအရေးကြီးတာက အခန်းထဲမှာ ရောဂါဖြစ်စေတဲ့ပိုးမွှားတွေလည်း အပြင်မထွက်နိုင်ပါ။
အခန်းထဲ အတူနေသူ လူတွေဟာ အပူအအေး အကြိုက်မတူကြပြန်ပါ။ ကလေးငယ်တွေလည်းပါတယ်။ ကလေးတွေက ကြီးတဲ့သူတွေလောက် ဘယ်အရာမဆို ခံနိုင်ရည်မရှိကြ။
ပူလောင်နေချိန်မျိုး အေးတဲ့နေရာမှာထားတာ ကောင်းတယ်။ သူများတိုင်းပြည်တွေမှာ နေရာတာက အဲကွန်ဒီးရှင်း တပ်ထားရတယ်။ အိမ်၊ ရုံး၊ ကျောင်း၊ လူစီးကား၊ ဘတ်စ်ကား၊ ရထား၊ လေယာဉ်၊ သင်္ဘော၊ စစ်သုံးယာဉ်တွေ။
ချွေးထွက်တာ တယောက်နဲ့တယောက် မတူကြပါ။ ကလေးတွေ ခေါင်းချွေးပြန်တယ်ဆိုတာ တချို့မှာတော့ ရောဂါလား စဉ်းစားရတယ်။ ကလေးတီဘီလား၊ တခြားရောဂါလား၊ ရောဂါမဟုတ်တာလား။
အပူချိန်သာမက ရေငွေ့ဓါတ်လည်း ထိန်းထားနိုင်လေးကောင်းလေ။ တချို့ရောဂါတွေမှာ ရေငွေ့ဓါတ်ပိုပေးရင် ရောဂါသက်သာပျောက်ကင်းစေတယ်။ ရှူမစ်ဒီဖိုင်ယာ ခေါ်တာလိုတယ်။ အခုလိုအေးလာချိန်မျိုး နှာစေး အအေးမိ ချောင်းဆိုရင် ရေငွေ့ပေးစက်သုံးတာ ဆေးထက်ပိုကောင်းတယ်။
သုတေသနတွေအရ အခန်းအပူချိန် 22⁰C ကနေ 27⁰C အတွင်းထိန်းပေးထားတဲ့ လေအေးစက်ရှိတဲ့အခန်းမှာ ကလေးတွေထားတာ ကျန်းမာရေးအရ ကောင်းပါတယ်။ ကလေးမျက်နှာကို လေတိုးတာနဲ့ တည့်မနေရ။ ချောင်းဆိုးသူတိုင်း တံတောင်ဆစ်ထဲမှာသာ ချောင်းဆိုးပါလေ။ အအေးမိနေသူသုံးတဲ့ လက်ကိုင်ပုဝါ တစ်စရှူး စနစ်တကျစွန့်ပါလေ။ လူတိုင်း လက်ကိုမကြာမကြာဆေးပါလေ။ ဖြစ်နိုင်ရင် Hand Sanitizers အရက်ပျံပါလက်ဆေး ဆေးရည်သုံးပါလေ။
• Baby's Cough ကလေးငယ်တွေချောင်းဆိုးရင် https://doctortintswe.blogspot.com/2016/04/babys-cough.html
• Common cold in children ကလေးတွေ အအေးမိရင် http://doctortintswe.blogspot.com/2015/12/common-cold-in-children.html
• Common cold prefers cold noses အအေးမမိချင်ရင် နှာခေါင်းမအေးစေနဲ့ http://doctortintswe.blogspot.com/2015/01/common-cold-prefers-cold-noses.html
• Common Cold အအေးမိရင် http://doctortintswe.blogspot.com/2015/02/common-cold.html
• Healthy culture ချောင်းဆိုး-လက်ဆေး ယဉ်ကျေးမှု https://doctortintswe.blogspot.com/2015/06/healthy-culture_18.html
• Homemade Humidifier လက်ဖြစ်ရေငွေ့ပေးနည်း https://doctortintswe.blogspot.com/2016/12/homemade-humidifier.html
• Hyperhidrosis ချွေးထွက် များလွန်းလို့ https://doctortintswe.blogspot.com/2016/03/hyperhidrosis.html
• Primary Complex ကလေးတီဘီ https://doctortintswe.blogspot.com/2016/11/primary-complex.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment