ရက်ကန်း

မြန်မာ့ယက္ကန်းလုပ်ငန်းအကြောင်း တင်ထားတာတွေ့တယ်။ တင်တဲ့သူကလည်း ပြည်ပနိုင်ငံရေးလှုပ်ရှားမှုထဲက။

လမ်ကား သွားရိုက်ရဦးမှာ။ ဆရာတော့ ရက်ကန်းစင်တွေကြား ထမင်းစားခဲ့တယ်။

အတူတူဘဲ ဆရာ၊ အဲဒီ စင်တွေအောက်မှာဘဲ စား၊ သောက်၊ စောင်ခင်း အိပ်ခဲ့ကြရတာ။

အရေးအခင်းကြီးနောက် အိန္ဒိယဘက်ကိုထွက်ကြသူတွေ မြောက်ဘက်မှာ မဏိပူနဲ့ တောင်ဘက်က မီဇိုရမ်ကို ရောက်ကြတယ်။ ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲနောက်မှသာ မီဇိုရမ်ရောက်တယ်။ အဲဒီမှာ ဗမာပြည်ကလူတွေ အများကြီး။ ရက်ကန်းလုပ်ငန်းလုပ်ကြတာက များတယ်။ နိုင်ငံသားအချင်းချင်း ခင်မင်ရင်းနှီးကြတယ်။ အပြန်အလှန် ကူညီ ဖေးမကြတယ်။ မြန်မာ့ယဉ်ကျေးမှုထုံးစံအတိုင်း ထမင်းဖိတ်ကျွေးကြတယ်။ ကျွန်တော်တို့ကတော့ သွားသာစားတယ်။ ခေါ်မကျွေးနိုင်။ ဆောရီး။

မဏိပူပြည်နယ်က လမ်ကား ခေါ် ချူရာချမ်ပူမှာလည်း ဗမာတွေ ရက်ကန်းလုပ်ကြတယ်။ မုံရွာနယ်က များတယ်။ သူတို့ကျွေးတာလည်း စားဖူးတယ်။ ရက်ကန်းသမားတွေက ဘာနဲ့ကျွေးကျွေး စားကောင်းတယ်။ ကျေးဇူး။

ရက်ကန်းစင်လို့လည်း ရေးကြတယ်။ ယက်ကန်း (ယက္ကန်း) စင်ကလည်း မူကွဲ။ ဘာနဲ့ရေးရေး ဗမာတွေရက်လုပ်တာ ဝတ်ကောင်းတယ်။ သည်နှစ်ဆောင်းအတွက် ကျွန်တော့်မှာ ဘုတလင် သပြေပင်ပုဆိုး နှစ်ထည် ရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁၁-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ