မပြောင်းသေးတဲ့ အသစ်တွေလဲ ရှိသေးတယ်ဆရာ

ကျေးဇူး။

၂ဝ၁ဝ၊ အောက်တိုဘာလထုတ် မြန်မာသစ် ရသစုံမဂ္ဂဇင်း၊ စာမျက်နှာ ၉၉ မှာ သာရဝေါစိုးကြည်ရေးသားတဲ့ အမျိုးသားပညာဝန် ဦးဖိုးကျားဆောင်းပါးမှာ ကျောင်းနာမည်ဟာ တိုင်တစ်ရာတဲ့။

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၇၊ စာမျက်နှာ ၂၉၂-၂၉၃ မှာ အမျိုးသားပညာရေးလောကတွင် ဦးဖိုးကျားသည် ကျော်ကြားသော ခေါင်းဆောင်ကြီးတဦးဖြစ်သည်။ မြန်မာစာပေလောက၌ ထင်ရှားသောပုဂ္ဂိုလ်တဦးလည်းဖြစ်သည်။ ပုသိမ်မြို့ တိုင်တရာ စကောကရင်ကျောင်းတွင် ဆက်လက်ပညာသင်ကြားလို့ စွယ်စုံကျမ်းမှာပါတယ်။

မြန်မာ့ပညာရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူရဲ့ ကျောင်းနာမည်ကို ပြောင်းခဲ့ကတည်းက အမျိုးသားပညာရေးဟာ ကျဆင်းဆုတ်ယုတ်လာတော့တယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂ဝ၁၇
၂၈-၁၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး