Tuesday, November 20, 2018

Tiger Lady သဇင်သင်းပြန်တော့

မြန်မာ့ဆယ်နှစ်လရာသီပန်းတွေရှိတယ်။ နိုင်ငံတကာမှာလည်း ပန်းတမျိုးစီရှိတယ်။ သဇင်ပန်းကို ဆောင်းရာသီပန်းလို့ ခေါ်ကြတယ်။ အင်္ဂလိပ်လို Tiger Lady နဲ့ ရုက္ခဗေဒလို Bulbophyllum auricomum ခေါ်တယ်။ သစ်ခွမျိုးနွယ်ဝင်ပန်း ဖြစ်တယ်။ တနှစ်မှာတခါ ပွင့်တယ်။ သဇင်ပန်းဟာ ဂုဏ်ရှိန်ဝင့်ထည်တယ်လို့ တင်စားကြတယ်။

ဆယ့်နှစ်လရာသီပန်းများနှင့် ပွဲတော်များ

တန်ခူးလ သင်္ကြန်ပွဲတော်။ ရာသီပန်း ကံကော်ပန်း။ ပိတောက်ပန်း။

ကဆုန်လ ညောင်ရေသွန်းပွဲတော်။ ရာသီပန်း စကားဝါပန်း။

နယုန်လ စာပြန်ပွဲတော်။ ရာသီပန်း စံပယ်ပန်း။

ဝါဆိုလ ရဟန်းခံရှင်ပြုပွဲ၊ ဝါဆိုသင်္ကန်းကပ်ပွဲ။ ရာသီပန်း ပုန်းညက်ပန်း။

ဝါခေါင်လ စာရေးတံမဲပွဲတော်။ ရာသီပန်း ခတ္တာပန်း။

တော်သလင်းလ လှေပြိုင်ပွဲတော်။ ရာသီပန်း ယင်းမာပန်း။

သီတင်းကျွတ်လ မီးထွန်းပွဲတော်။ ရာသီပန်း ကြာပန်း။

တန်ဆောင်မုန်းလ ကထိန်ပွဲတော်။ ရာသီပန်း ခဝဲပန်း။

နတ်တော်လ စာဆိုတော်ပွဲ။ ရာသီပန်း ဂမုန်းပန်း။ သဇင်ပန်း။

ပြာသိုလ မြင်းခင်းသဘင်ပွဲတော်။ ရာသီပန်း ခွာညိုပန်း။

တပို့တွဲလ ထမနဲပွဲတော်။ ရာသီပန်း ပေါက်ပန်း။

တပေါင်းလ သဲပုံစေတီပွဲတော်။ ရာသီပန်း သရဖီပန်း။

နိုင်ငံတကာဆယ်နှစ်ရာသီပန်းများ
• January Carnation
• February Violet / Iris
• March Daffodil
• April Sweet Pea and/or Daisy
• May Lily
• June Rose
• July Larkspur / Delphinium
• August Gladiolus
• September Aster
• October Marigold
• November Chrysanthemum
• December Narcissus or Poinsettia

ရာသီပန်းတွေ ပွဲတော်တွေနဲ့အတူ ကျန်းခန့်သာလို့ မာကြစေ။ ဂုဏ်ရှိန်ဝင့်ထည်နိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

လည်းကောင်း နဲ့ ၎င်း

၁။ ဆရာ ၎င်းရဲ့ စာလုံးဟာ  ငသတ်ရှေ့က အက္ခရာကို ဘယ်လိုခေါ်ရပါသလဲခင်ဗျာ။ ၎င်း လည်းကောင်း ဆက်စပ်ရာ ပြပုဒ်တွေဟာ ဝါကျအထားအသို မတူကြဘူးဆရာ။ သတင်းစာတွေမှာေ...