မန္တလေး

ကိုယ့်သမီးလိုနေတဲ့ သူငယ်ချင်းသမီး မန္တလေးကို အလည်ပြန်နေတယ်။

မှာချင်သည် ကျုံးရေ တစည်၊ အာဠဝီ စီလမ်းက ငါ့ခြေရာ ဓါတ်ပုံရိုက်ခဲ့ပါ။

ဘုရားစေတီတွေမှာ မိသားတစုကောင်းမှုစာတွေနဲ့ မိသားတစ်စုကောင်းမှုစာတွေကို ဓါတ်ပုံရိုက်ယူခဲ့ရတာ ဆောရီးပါလို့ ပြောပေးခဲ့ပါ။

ရင်သားကင်ဆာစာထဲမှာ ထည့်ရေးရတဲ့ စန္ဒမုခီ ဘီလူးမ၊ ကျေးဇူးတင်ရပါကြောင်း ပြောခဲ့ပါ။

လမ်းမလမ်းသွယ်တွေပေါ်က စီးချင်သလိုစီးနေကြတဲ့ ဆိုင်ကယ်တွေကိုတော့ ကြောက်ပါတယ်လို့ သွားမပြောနဲ့။

အညာစာတွေ တခါစား တခါသတိရပါလေ။

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂၀၁၈

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်