စွန့်ခွါရသည့် နွေညများ

တက္ကသိုလ်ဘုန်းနိုင်စာအုပ်တွေ ဒေါင်းလုဒ်လို့ရတာတွေ တင်ထားကြတယ်။ သတ်ပုံတွေပြင်ရိုက်တာ မလုပ်ကောင်းပါ။

စွန့်ခွာရသည့် နွေညများထဲက အရေးအသားနဲ့ သတ်ပုံကို တင်ပြပါတယ်။

ကိစ္စမရှိ။ ဆောင်းနံနက်ခင်းက အေးမြနေသည်။ ရထားထွက်ပြီး၍ တရေးလောက် မှေးလိုက်လျှင် ပဲခူးရောက်လောက်၌ ခေါင်းကကြည်လင်လာနိုင်သည်။ မကြည်လင်လာသေးလျှင်လည်း ဆက်ငိုက်။ မော်လမြိုင်အထိ အချိန်တွေ အများကြီး ရှိသည်။

အထက်တန်းတွဲ့၏ က ခုံတန်းစဉ်ဘက် တနေရာရသည်မှာ ကံကောင်းသည်။ သည်ခုံတန်းစဉ်မှာက ယှဉ်ဘက်မရှိ။ တခုံတည်းတွင် တဦးတည်း သီးသီးသန့်သန့် ထိုင်ရသည်။

တစ်ခုံတည်း မဟုတ်။ တစ်ဦးတည်း မဟုတ်။ တစ်ရေးလောက် မဟုတ်။ တစ်နေရာရသည်မှာ မဟုတ်။

ကိုယ်တတ်ရင် ကိုယ့်သတ်ပုံနဲ့ရေးတာ သိပ်မပြောလိုပါ။ မူရင်းစာတန်ဖိုးကျအောင် ပြင်တင်ကြတာ မသင့်ကြောင်းပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး