Questions on 30-11-2018

နံနက်ခင်း မေးခွန်းများ

၁။ ဟုတ်ကဲ့မင်္ဂလာပါဆရာ မသိတာလေးမေးချင်လို့ ဆရာအပန်းမကြီးရင်ဖြေပေးပါနော်

မေးနည်းစည်းကမ်း ပို့လိုက်တယ်။

၂။ ဆရာ မင်္ဂလာပါရှင့် သမီးအသက်က ၂၆ ပါရှင့် အိမ်ထောင်ရှိပါတယ် အဖြူ ဆင်းပြီး အနံ့ နံနေလို့ပါဆရာ Dazolic ကိုတော့ အရင်က အဖြူဆင်းလို့ OG ပေးလို့ သောက်ဖူးပါတယ် ဆရာ အောက်ကဆေး meghocef 200 ကိုတော့ တခါမှ မသောက်ဘူးပါဘူး ဆရာ အာ့ဆေးကို ရှာကြည့်တော့ ရေးထားတာ နားမလည်လို့ပါ ဆရာ သူက ပိုးသတ်ဆေးလား သိချင်လို့ပါ ဆရာ

Mahacef 200 MG Tablet ဟာ ပိုးအများကိုနိုင်တဲ့ ပဋိဇီဝဆေးဖြစ်တယ်။ နေရာများစွာမှာ ဗက်တီးရီးယားပိုး ဝင်တာအတွက် ပေးတယ်။

သမီးကလေးမွေးထားတာ ၂နှစ်ရှိပြီဆရာ ရာသီမပေါ်လို့ပါ သွေးပေါ်ဆေး ၂ကြိမ်ထိုးပါတယ် ဒါမဲ့မပေါ်ဘူးဆရာ လက်မောင်းထဲပိုက်ထည့်ထားပါတယ် တော်တော်ကြာနေပြီမို့ ဘာလုပ်ရမှန်မသိလို့ ပါဆရာ ပြောပြပေးပါဆရာ

မေးနည်း ပို့ထားပြီး။ အသက် မပြောလိုသူ ဖတ်လိုကဖတ်ရန် ဘလော့လင့် ပေးထား။ ကိုယ်ဝန်တားဆေးမေးသူ အသက် ၃၅ နှစ် ကျော် မကျော် ဆရာဝန်က သိရမယ်။

အာ့ဆို သမီး သောက်လို့ ရတာပေါ့နော် ဆရာ Dazolic နဲ့ meghocef နဲ့ တွဲသောက်ရင် ရတာပေါ့နော်

စမ်းသပ်ကုသပေးနေတဲ့ ဆရာဝန်ညွှန်တာ သောက်သင့်။

၃။ ဆရာ မင်္ဂလာပါ ကျွန်မအသက် ၃၅ နှစ်ပါ အိမ်ထောင်သည်တယောက်ပါ အိမ်ထောင်သက် ၃နှစ်ကျော်ပါပြီ ခုထိတော့ ကလေးမရသေးပါဘူးရှင့် လွန်ခဲ့တဲ့ ၁၅ ရက်က လည်ပင်း ဘယ်ဘက်ဘေးက နာပြီး နည်းနည်းရောင်နေလို့ နားနှာခေါင်းလည်ချောင်းဆရာဝန်နဲ့ပြတာ သိုင်းရွက်ဂလင်းရောင်တာပြောပါတယ် ခုဆေး ၁၀ ရက်စာပေးပြီး ပြန်ပြခိုင်းပါတယ် သွေးလဲစစ်ခိုင်းပါတယ် သွေးကတပတ်နေမှစစ်ခိုင်းတာမို့မစစ်ရသေးပါဘူးရှင့် သိုင်းရွက်ကလင်း တာကြောင့် ကလေးမရနိုင်သေးတာလားရှင့် ကလေးမရနိုင်ဘူးလားသိချင်လို့ပါရှင့် ဆရာဝန်ပေးတဲ့ဆေးက Rosithromycin / vit c နှင့် zinc ပေါင်းထားတဲ့ဆေးကိုပေးပါတယ်ရှင့်

သိုင်းရွက်ဂလင်း ခေါ် လည်ပင်းမှာဖြစ်တာ အမျိုးမျိုးရှိတယ်။ ရောင်တာ ဟော်မုန်းများတာ မတူပါ။ ဟော်မုန်း အနည်း အများနဲ့ ကိုယ်ဝန်ရတာ ဆက်စပ်မှု ရှိနိုင်။ မေးတဲ့သူ တားဆေး တားနည်း မသိ။ ရာသီ မသိ။ မျိုးဥ ထွက် မထွက် မသိ။ ဆရာဝန်တွေပြထားတာကောင်း။ ထပ်ဖြေရန် မရှိ။ လည်ပင်းကြီးရောဂါစာတွေ ခဏခဏတင်ထား။ ဘလော့မှာ အားလုံးရှိ။

၎။ ဆရာရှင့် mebendazole 500mg ကို ၃နှစ်နဲ့ ၅လ ကလေးကိုတိုက်လို့ရပါသလား

Mebendazole သန်ချဆေး
Pinworm (Enterobius vermicularis)
၂ နှစ်အထက် 100 mg တကြိမ်တည်း။ လိုသေးသူ ၃ ပတ်နေတကြိမ်ထပ်ပေး။

Roundworm (Ascaris lumbricoides)
၂ နှစ်အထက် 100 mg တနေ့ တကြိမ်၊ ၃ ရက်ဆက်တိုက်။ လိုသေးသူ ၃ ပတ်နေအဲလိုအတိုင်းထပ်ပေး။

Whipworm (Trichuris trichiura)
၂ နှစ်အထက် 100 mg တနေ့ တကြိမ်၊ ၃ ရက်ဆက်တိုက်။ လိုသေးသူ ၃ ပတ်နေအဲလိုအတိုင်းထပ်ပေး။

Hookworm (Ancylostoma duodenale, Necator americanus)
၂ နှစ်အထက် 100 mg တနေ့ တကြိမ်၊ ၃ ရက်ဆက်တိုက်။ လိုသေးသူ ၃ ပတ်နေအဲလိုအတိုင်းထပ်ပေး။

၅။ ဆရာခင်ဗျားကျနော်အဆီကျိတ် lipomas ဖြစ်လိုပါခင်ဗျား ဘယ်လိုကုသရင်ပျောက်နိုင်ပါသလဲခင်ဗျာ ကျေးဇူးပြုပြီးပြန်ဖြေပေးပါခင်ဗျာ

Lipoma ကို ခွဲစိတ်မှသာ ပျောက်တယ်။

၆။ သမီးကလေးမွေးထားတာ ၂နှစ်ရှိပြီဆရာ ရာသီမပေါ်လို့ပါ သွေးပေါ်ဆေး ၂ကြိမ်ထိုးပါတယ် ဒါမဲ့မပေါ်ဘူးဆရာ လက်မောင်းထဲပိုက်ထည့်ထားပါတယ် တော်တော်ကြာနေပြီမို့ ဘာလုပ်ရမှန်မသိလို့ ပါဆရာ ပြောပြပေးပါဆရာ

မေးနည်း ပို့ထားပြီး။ အသက် မပြောလိုသူ ဖတ်လိုကဖတ်ရန် ဘလော့လင့် ပေးထား။ ကိုယ်ဝန်တားဆေးမေးသူ အသက် ၃၅ နှစ် ကျော် မကျော် ဆရာဝန်က သိရမယ်။

ဟုတ်၂၀ ပါဆရာ မသိတာလေးကိုဆရာအားတဲ့ရက်လေးဖြေပေးပါနော်

ဆရာဒီထည်းက clomid ဆိုတာသွေးပေါ်ဆေးလားဆရာ မသိလို့ ပါနော် provera ဆိုတာကရောဆရာ ဘာလဲမသိဘူး နားမလည်လို့ ပါ ဖြေပေးစေချင်ပါတယ်ဆရာ သမီးအရမ်းစိတ်ညစ်နေရလို့ ပါ နာလည်တဲ့သူလည်းမရှိလို့ ပါ ဘယ်ဆရာဝန်မှလည်းနားလည်အောင်ရှင်းမပြလို့ ပါဆရာ

Clomid ဆေးက မျိုးဥထွက်ဆေးဖြစ်။ provera ဆိုတာ စားဆေးလား ထိုးဆေးလား မသိ။ စမ်းသပ်ကုသပေးနေတဲ့ ဆရာဝန် ညွှန်တာသင့်။

ဒေါက်တာတင့်ဆွေ
၃၀-၁၁-၂၀၁၈

မော်စကိုကလာတဲ့စာ

နောက်ထပ် ပို့ချင်တာလေးက ဒီနေ့ဖတ်ရတဲ့ လူထုဒေါ်အမာအကြောင်းထဲကပါ လက်ရေးမူမှာ အဖော်တဦး
ဂျာနယ်မှာ ပြန်ရေးတာက အဖော်တစ်ဦး တွေ့လို့ပါ။

ဟုတ်ပါ့။ ကျေးဇူး။

ကမ္ဘာမှာ မြန်မာပြည်က ကွန်ပြူတာသမားတွေထက် တော်သူ မရှိ။ စာရိုက်ရင်း အယ်ဒီတာအလုပ်ပါ တပြိုင်တည်း လုပ်နိုင်စွမ်းရှိကြတယ်။ ဒေါ်အမာ မော်စကိုကနေရေးတဲ့စာထဲက တဦးကို တစ်ဦးလို့ ပြင်ပေးတယ်။

အယ်ဒီတာတွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေနဲ့ စာဖတ်သူတွေအားလုံးက ဒေါ်အမာကို တော်လိုက်တာလို့ ချီးမွမ်းကြတယ်။ ဘယ်ဟုတ်မလဲ သူတို့ကသာ ဒေါ်အမာထက် မြန်မာစာပိုတော်ကြတယ်။

ဒေါက်တာတင့်ဆွေ
၃၀-၁၁-၂၀၁၈

Good Wishes ဆုတောင်း ဆုံးမ တရားပြ

ဒီဇင်္ဘာလထဲမှာ ဟောလီဒေးတွေ ဆက်တိုက်လာမယ်။ ဆွိဒီဇင်္ဘာ၊ ခရစ်စမတ်နေ့နဲ့ နှစ်သစ်ကူးတဲ့အထိ ဆက်တိုက် လာမယ်။ အခုကို ကွန်မင့်မှာ တခုပြီးတခု။

ကွန်မင့်ဆိုရင် ပို့စ်နဲ့ဆိုင်မလားသာ ဖတ်တယ်။ မက်ဆေ့ခ်ျ၊ မက်ဆင်ဂျာနဲ့ အီးမေးလ်ကလည်း မေးခွန်းသာ ဖတ်တယ်။ ကျန်တာတွေ မဖတ်အားပါ။ မပြန်အားပါ။ ပုံတွေ၊ အရုပ်တွေ၊ စတစ်ကာတွေ၊ အသံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေ မပို့ကြပါနဲ့လို ပြောရတာ အခါခါ။ သိထားပြီးသူတွေကို အားနာရတယ်။

ဆုတောင်းစာတွေရော တရားစာတွေမှာပါ သတ်ပုံမှားတယ်။ ပုံတွေကတယောက်လာသည်ဟာ အီနောက်လာတယ်။

ကျွန်တော့်အတွက် ဆုတောင်းပေးမနေကြနဲ့။ ဆုံးမစာတွေလည်း မပို့ကြပါနဲ့။ တရားလည်းပြမနေကြပါနဲ့။ ကိုယ်တိုင်သာ ရယူကြ နာယူကြစေချင်ပါတယ်။ နေမကောင်းလို့မေးချင်သူတွေကိုသာ အချိန်ပေးချင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၁-၂ဝ၁၇
၃ဝ-၁၁-၂ဝ၁၈

Multiple sclerosis မာလ်တီပယ် စကယ်လရိုးဆစ်

ဆရာခများ ဆရာရေးတဲ့ multiple sclerosis ဆိုတဲ့ရောဂါအကြောင်း သိချင်လို့ပါ ဆရာ ကျွန်တော် အဲ့ရောဂါ မျိုးခံစားနေရလို့ပါ။၂နှစ်ရှိပါပြီ ဆေးရုံ တွေသမားတော်တွေအထူးကုတွေလည်းစုံနေပါပြီ ဦးနှောက်ဓာတ်မှန်တွေရိုက် EEG တွေ ရိုက်ပါတယ် ရောဂါရှာမတွေ့ပါဘူး ဆရာရေးတဲ့ MS ရောဂါအကြောင်းဖတ်ရတော့ရာဂာလေက္ခဏာ တွေ အကုန်တူနေလို့ပါ ရှောင်ရန် ဆောင်ရန်လေးတွေ သိချင်ပါတယ် သောက်ဆေးတွေလည်းသိ ချင်ပါတယ်ဆရာ။

Multiple sclerosis မာလ်တီပယ် စကယ်လရိုးဆစ် https://doctortintswe.blogspot.com/2016/09/multiple-sclerosis.html

ဒေါက်တာတင့်ဆွေ
၃ဝ-၁၁-၂ဝ၁၈

ကျွန်မရဲ့သမီးလေး

ဆရာ ကျွန်မရဲ့သမီးလေးက တနှစ်နဲ့သုံးလထဲမှာ သမီးက သေးပြီး ထမင်းလည်းသိပ်မစားဘူး ခုနှာလည်းစေးနေတယ် နောက်ပြီး ဘာအာားဆေးတိုက်ရင်ကောင်းမလဲဆရာ သမီးကို ထွားထွားလေးနဲ့ဝစေချင်တယ်ဆရာ လမ်းညွန်ပေးပါ

Baby's Cough ကလေးငယ်တွေချောင်းဆိုးရင် http://doctortintswe.blogspot.com/2016/04/babys-cough.html
Child Health Care ကလေးတွေ နေမကောင်းရင် https://doctortintswe.blogspot.com/2017/12/child-health-care.html
Coughing and Children ကလေးတွေချောင်းဆိုးရင် https://doctortintswe.blogspot.com/2016/12/coughing-and-children.html
Cypon syrup (ဆိုက်ပွန်) ဆေးရည် http://doctortintswe.blogspot.com/2016/02/cypon-syrup.html
Diarrhea in Children ကလေးဝမ်းသွားရင် https://doctortintswe.blogspot.com/2014/12/diarrhea-in-children.html
Fever First Aid အဖျားရှိသူ ရှေးဦးသူနာပြုနည်း http://doctortintswe.blogspot.com/2016/07/fever-first-aid.html
Humidifiers for Babies ကလေးတွေအတွက် ရေငွေ့ပေးစက် http://doctortintswe.blogspot.com/2014/12/humidifiers-for-babies.html
Medicines for babies ကလေးနဲ့ ဆေး http://doctortintswe.blogspot.com/2016/08/medicines-for-babies.html
Myth About Babies ကလေးငယ်အတွက် မေးခွန်းများ https://doctortintswe.blogspot.com/2017/11/myth-about-babies.html
Supplementary foods ကလေးအတွက် ဖြည့်စွက်စာ http://doctortintswe.blogspot.com/2014/11/supplementary-foods_18.html

ဒေါက်တာတင့်ဆွေ

မသိ မရှိ

ဆရာရှင့်ကျောက်ကပ်အားကောင်းစေမယ့်အစားအစာနဲ့ရှောင်ကြဉ်ရမယ့်အစားအစာလေးတေသိချင်လို့ပါရှင့်

ကျောက်ကပ်အားဆေး မရှိ။ သားအိမ်ကောင်းဆေး မရှိ။ မျက်စိအားဆေး မရှိ။ ရောဂါဖြစ်သူ ကျား-မ မသိ။ အသက် မသိ။ ဘာဖြစ်နေ မသိ။

တေဆိုတာ ပေပေတေတေ။

ဒေါက်တာတင့်ဆွေ

တန်ဆောင်မုန်းလဆုတ် (၈) ရက်နေ့

ကျွန်တော်တို့ငယ်ငယ်က ပြက္ခဒိန်အသစ်ရတိုင်းကြည့်ကြတယ်။ နှစ်ဆန်း ၁ ရက်နေ့က တောင်သူလယ်သမားနေ့။ အဲတာ ပြောင်းသွားတယ်။ တန်ဆောင်မုန်းလဆုတ် (၈) ရက်နေ့က ပါတော်မူနေ့။ အခုမထည့်ကြတော့ပါ။ တရုပ်နေ့တွေနဲ့ အစားထိုးလာကြတယ်။

ပါတော်မူခန်း (၁)

သီပေါကို လာဖမ်းသွားတာ ရပ်ကြည့်နေကြတယ်ဆိုပြီး တချို့က ငြင်းချင်တယ်။ ပြည်သူက ဘုရင်ကို မချစ်လို့ပါပေါ့တဲ့။ မချစ်ရင် ဘာလို့ ပါတော်မူတုန်းက လမ်းဘေးမှာ ရပ်ကြည့်ပြီး ငိုနေကြတာတုံးတဲ့ ရေးကြတယ်။

သီပေါမင်းနဲ့ စုဖုရားလတ်ကို ရပ်ကြည့်နေခဲ့ကြတဲ့ မန္တလေးပရိသတ်လည်း အင်္ဂလိပ်ကို ကြိုက်ကြလို့တော့ မဟုတ်ပါ။ ဦးကောင်းကို အပြစ်တင်ကြတယ်။ အဲလိုလူတွေက ကင်းဝန်မင်းကြီးဆီ ကျောက်ပြင်နဲ့ ထဘီပို့လိုက်ဆိုတဲ့ စုဖုရားလတ်ကို ချီးမွမ်းကြတယ်။

ပါတော်မူခန်း (၂)

မြန်မာနိုင်ငံသမိုင်းမှာ ဘုရင်စုစုပေါင်း (၁၂ဝ) ပါးရှိတယ်။ ဘုရင်ရုပ်တွေထုထားတာကတော့ အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းဘုရားလို့ ထင်တယ်။

တချို့က ပျူခေတ်က ရှေးဟောင်းအမွေတွေထက် ပျူဘုရင်မကိုသာ လွမ်းနေကြတယ်။ စလေငခွေး၊ နရသီဟပတေ့ တို့တတွေလည်း ကိုယ့်တိုင်းပြည်က ဘုရင်တွေလို့ သိထားရမယ်။ တောင်ငူအင်ပါယာမှာ သေသောက်ကြူးတဲ့ တပင်ရွှေထီးနဲ့ ဒီဘရစ်တိုနဲ့ မဟာမိတ်ပြုတဲ့ နတ်ရှင်နောင် အဖြစ်မှန်တွေလည်း သိရမယ်။

ကျွန်တော်ကတော့ ကျောင်းသားဘဝကတည်းက သာလွန်မင်းကိုသဘောကျခဲ့တာ။ ရာဇာဘိသေက မခံသေးခင် ပြည်ထဲရေးကို အရင်ရှင်းတယ်။ စီးပွါးရေးပြန်လည်ထူထောင်အောင်လုပ်တယ်။ သန်ကောင်စာရင်း၊ အခွန်အတုတ်စစ်တမ်း ကောက်ယူတယ်။ အသုံးအစွဲချွေတာရေးလုပ်တယ်။

အင်းဝခေတ်မှာ ပေါ်ထွန်းခဲ့ကြတဲ့ ပေလေးပင်ရှင်လေးပါးကို အလွန်တန်ဖိုးထားတယ်။ ရုပ်တုတွေတော့ မထုစေချင်ပါ။ သတ်ပုံပြင်ထုတ်နေတဲ့စာတုတွေနဲ့ကို ဒုက္ခများနေရတယ်။

မြန်မာပြည်ပရိသတ်ထဲမှာ ပါတော်မူ နှစ်မျိုးနှစ်စားရှိတယ်။ အစစ်ကို တန်ဖိုးထားသူတွေနဲ့ ရွှေရည်စိမ်ကို ကိုးကွယ်ချင်သူ။

ပါတော်မူခန်း (၃)

ပါတော်မူခန်း (၁) နဲ့ (၂) အောက်မှာ ကွန်မင့်တွေ အကုန်ဖတ်ပါတယ်။ လိုရင်းရောက်တဲ့သူရှိပေမဲ့ နည်းတယ်။ လမ်းလွဲတွေးသူက မနည်းလှ။ ကျွန်တော်က ခပ်တိုသာ ရေးချင်သူ။ လိုရင်းအရောက် သဘောပေါက်သူက တဝက်လောက်သာရှိတတ်တယ်။ ဆေးပညာစာတွေမှာ အဲလိုသာဖြစ်ရင်တော့ ကျွန်တော့်မှာ တာဝန်ရှိတယ်။ နိုင်ငံရေးမှာတော့ ဘယ်လောက် ခရေစေ့တွင်းကျရေးရေး ဘေးရောက်သူဆိုတာရှိစမြဲ။

ပါတော်မူကိုတော့ သင်ခန်းစာမယူ၊ စစ်ဘုရင်တွေကိုသာ ကိုးကွယ်ရာလို့လုပ်နေကြတယ်။ အဲတာကြောင့် ပါတော်မူခန်းလို့ ခေါင်းစဉ်တပ်ထားတာ။ သီပေါမင်းသာပါတာ မဟုတ်။ အတွေးအမြင်တွေပါ ပါကုန်ကြတာ။

ဒေါက်တာတင့်ဆွေ
၁-၁၂-၂၀၁၇
၃၀-၁၁-၂၀၁၈

Rangoon University နှစ်တရာပြည့်တော့မယ့် ရန်ကုန်တက္ကသိုလ်

ဘီဘီစီ မြန်မာပိုင်းမှာ တင်ထားတယ်။ ကောင်းတယ်။

တချိန်က ရန်ကုန်တက္ကသိုလ်ဟာ အာရှမှာ ဘာသာစုံ လျှမ်းလျှမ်းတောက်ခဲ့တယ်။

တက္ကသိုလ်မြန်မာအဘိဓာန်ကို မြန်မာနိုင်ငံ ပညာ့တံခွန်အသင်းကဦးစီးပြီး ၁၉၄၄ ခုနှစ် ဂျပန်ခေတ်မှာ ပြုစုခဲ့တယ်။ ရန်ကုန်ပါမောက္ခ ဦးဖေမောင်တင်က သဘာပတိအဖြစ် တာဝန်ယူတယ်။ ကျောင်းသုံးအဘိဓာန်ငယ်ကို အရင်ပြုစုတာမှာ ကမ္ဘာစစ်ကြီးကြောင့် က အက္ခရာကနေ ဝ အက္ခရာအထိသာ ပြီးလိုက်တယ်။ စစ်ကြီးပြီးတော့ မြန်မာအဘိဓာန်ပြုစုဖို့ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက ဦးဝန်ကို တာဝန်ပေးတယ်။ ဦးဖေမောင်တင်နဲ့ ဒေါက်တာဘဟန်တို့က အကြံပေးတာဝန်ယူရတယ်။ ၁၉၆၄ မှာ ဆ အက္ခရာအထိ ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပြီး စစ်အာဏာသိမ်းလို့ ရပ်ဆိုင်းသွားရပြန်တယ်။

၁၉၆၃ မှာ တော်လှန်ရေးကောင်စီက မြန်မာစာပေပြုစုရေးနှင့် ဘာသာပြန်ကော်မရှင်ကို ဖွဲ့တယ်။ မြန်မာစာအဖွဲ့လို့ အမည်ပြောင်းတယ်။ ၁၉၇၈ မှာ မြန်မာအဘိဓာန် (အကျဉ်းချုပ်) ၅ တွဲထုတ်တယ်။ ၁၉၈ဝ နဲ့ ၁၉၉၁ မှာ ဆက်ထုတ်တယ်။ ကနေ့လည်းအဲတာကိုသာ ဆက်သုံးနေတယ်။

နှစ်တရာပြည့်ကနေ နှစ်တစ်ရာပြည့်ဖြစ်သွားတော့တယ်။ အခုတော့ တက္ကသိုလ်အားလုံး လျှမ်းလျှမ်းတစ်ဖြစ်နေတယ်။

- Policy Dictionary ပေါ်လစီမြန်မာအဘိဓာန် သမိုင်း https://doctortintswe.blogspot.com/2018/01/policy-dictionary.html
- Rangoon University Students’ Union building ယူနီယံဟောင်းတနေရာ https://doctortintswe.blogspot.com/2018/06/rangoon-university-students-union.html
- 1962 Rangoon University Protests ၁၉၆၂ ရန်ကုန်တက္ကသိုလ် ကျောင်းသားအရေးအခင်း https://doctortintswe.blogspot.com/2017/07/1962-rangoon-university-protests.html
- နှစ်တရာပြည့်တော့မယ့် ရန်ကုန်တက္ကသိုလ် https://www.bbc.com/burmese/in-depth-42181316
- RASU ရာဇူး https://doctortintswe.blogspot.com/2018/11/rasu.html

ဒေါက်တာတင့်ဆွေ
၃၀-၁၁-၂၀၁၈

Blocked

Kyaw Thu Tun သိချင်ရင်..
အမည်...
မှတ်ပုံတင်အမှတ်..
အဘ အမည်..
အမိအမည်...
နေရပ်လိပ်စာ အပြည့်အစုံ...
ပါမှရပါတယ်တဲ့ဆို...

မေးနည်းထဲမှာ လူနာအမည် ဆရာဝန်အမည် ဆေးရုံအမည် ဘာအမည်မှ မလိုပါလို့ရေးထားတယ်။ နေရပ်ဆိုတာလည်း လိုမှသာ။ ဥပမာ ဝက်သက်၊ တုပ်ကွေးလို ကူးစက်ရောဂါတခုခုဖြစ်နေရင် အဲဒီဒေသမှာ နေထိုင်သူတွေကို ကူးစက်တယ်။ ဆေးရှာချင်ရင် ဘယ်တိုင်းပြည် ဘယ်မြို့ သိမှသာ ညွှန်ရတာ မှန်မယ်။

အဲဒီကွန်မင့်ရေးသူ Kyaw Thu Tun https://www.facebook.com/profile.php?id=100006361835764&fref=ufi&rc=p ကို ဘလော့လိုက်ပါတယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၃၀-၁၁-၂၀၁၈

အတိုအပြတ် မေးခွန်းများ

၁။ ဆရာမင်္ဂလာပါရှင် ကလေးဒေါင်းရောဂါနဲ့ ပတ်သတ်တာလေး သိချင်လို့ပါရှင်

ခဏခဏတင်ထားတယ်။ မေးနည်းပါ ဘလော့မှာ အမြဲရှိနေတယ်။

Down syndrome ဒေါင်းန်-ဆင်ဒရုမ်း https://doctortintswe.blogspot.com/2014/11/down-syndrome-1.html

၂။ အသက် ၃၈ မိန်းကလေး အပျို  အစာစားပီးနာရီဝက်လောက်နေရင်ပြန်အန်ပါတယ် အစိမ်းရောင် အရည်

Gastric Links အစာလမ်း လင့်များ https://doctortintswe.blogspot.com/2018/10/gastric-links.html

ဒေါက်တာတင့်ဆွေ
၃၀-၁၁-၂၀၁၈

ဝက်သက်ကာကွယ်ဆေး နှင့် သတ်ပုံ

ဝက်သက်ရောဂါ ကာကွယ်ဆေး ထိုးကြပါဆို့လေးလို့ တင်ထားတာတခု တွေ့တယ်။ စို့လို့သာရေးရတယ်။

Measles ဝက်သက်ကာကွယ်ဆေးကို ကလေးအသက် ၉ လမှာထိုးပေးတယ်။ အရင် ကာကွယ်ဆေးပို့စ်တင်စဉ်က ကွန်မင့်ကနေ ရေးလာကြတယ်။ ကျေးဇူး။

မြန်မာပြည်မှာတော့ ၉ လ မှာ Meales ၁၈ လ (တစ်နှစ်ခွဲ) မှာ MR ထိုးပါတယ်ဆရာ။ ပြီးတော့ Mass Measles Campaign ရှိရင်တော့ ၅ နှစ်အောက် ကလေး အားလုံးကို ထိုးလေ့ရှိပါတယ်ခင်ဗျ။

မှားနေသလားလို့ပါ ၉ လမှာ MR ၁ နှစ်ခွဲမှာ MCV ပါ နောက်ပိုင်း ၁နှစ်ခွဲမှာလည်း MR ပဲ ထိုးမယ် မှန်ပါတယ်

ဟုတ်ပါတယ် ဗဟိုကထုတ်တဲ့ လချုပ်ပုံစံမှားနေတာ ဝက်သက်ဂျိုက်သိုး(MR) ၉ လ မှာ ပထမအကြိမ် ၁၈ လ မှာ ဒုတိယအကြိမ် အဖြစ် Measles ထိုးပါတယ်။

ယူအက်စ်အေမှာတော့ MMR ခေါ် ဝက်သက် + ပသိရောင် + ဂျာမန်ဝက်သက်လ် ခေါ် ဂျိုက်သိုး ၃ မျိုးကာကွယ်ဆေးကို ကနေ ၁၂-၁၅ လကနေစထိုးတယ်။ နောက်တကြိမ် ၄-၆ နှစ်မှာထိုးတယ်။

စို့နဲ့ဆို့ မှားရေးတဲ့မေးခွန်းတွေလာတယ်။ နမူနာသာထည့်ပါတယ်။ မှားရေးတာတွေက အများကြီး။

၁။ ကျွန်တော် လည်ချောင်းထဲမှာ စို့စို့နေသလို တစ်တစ်နေသလို ဖြစ်နေတယ်ဆရာ။

၂။ ကျမသမီးလေးက မိခင်နို့ ညဘက်အိပ်ချိန် ၂ ကြိမ် ဆို့ပါတယ်ရှင့်။ စို့ပါတယ်ရှင့်လို့ရေးရတယ်။

၃။ ကျမသမီးလေးက အသက်လေးလပါ။ နေ့ဘက်နို့ဘူးတိုက်၊ ညဘက်ကျမှမိခင်နို့တိုက်နေပါတယ်ရှင့်။ တလလောက်ရှိပြီ နို့ဆို့ဖို့ငြင်းဆန်နေပါတယ်။ ၂၄ နာရီအတွင်း နို့ဘူးနှင့် မိခင်နို့ ညဘက်အိပ်ချိန် ၂ ကြိမ် ဆို့ပါတယ်ရှင့်။ နို့စို့လို့ ရေးရတယ်။


၎။ ဆရာရှင့် သမီးအသက်၂၆ပါ။ နို့ဆို့ကလေး ၁၁လပါ သမီးရောကလေးရော ရင်ကြပ်နေလို့ပါ။

၅။ ဆရာရှင့် ကျမ အသက်က ၂၀ရှိပါပြီ လည်ပင်းထဲက တစ်စို့တစ်စို့ဖြစ်သလိုခံစားနေရတာ

၆။ ဆရာရှင့် သားအိမ်ကျချင်သလို ဖြစ်နေပါတယ်။ မိန်းမကိုယ်မှာ တစ်စို့စို့ ဖြစ်နေလို့ပါ။ တစ်ဆို့ဆို့လို့ ရေးရတယ်။

၇။ နှလုံးအ၀ကျယ်တယ်ဆိုတာ အစို့ရှင်မလုံတာနဲ့တူပါလား။ ကျမကအ၀နည်းနည်းကျယ်ပါတယ်။ အဆို့ရှင်လို့ ရေးရတယ်။

၈။ မင်္ဂလာပါဆရာခင်ဗျာ ကျနော်အသက် ၃၇ နှစ်ပါဆရာ နှလုံးခွဲထားရပါတယ်နှလုံးအစို့ ၂ ခုလဲထားရပါတယ် မွေးရာပါရောဂါပါဆရာ။ အဆို့ရှင်လို့ ရေးရတယ်။

၉။ သားသားက မိခင်နို့ဘဲ အရမ်းဆို့ပါတယ်။ အရမ်းစို့ပါတယ်လို့ရေးရတယ်။

၁ဝ။ သားအိမ်ကျချင်သလို ဖြစ်နေပါတယ်။ မိန်းမကိုယ်မှာ တစ်စို့စို့ဖြစ်နေလို့ပါ။

စို့
စို့စို့ပို့ပို့
မျှစ်စို့
လက်သမားသုံးစို့
သွားကြစို့
နို့စို့
နို့စို့

ဆို့
ဆို့ပိတ်
တစ်ဆို့
ပိတ်ဆို့
ဗူးဆို့
အဆို့ရှင်
ဖေါ့ဆို့
ရွှေရင်ဆို့

ကလေးနို့စို့နေချိန်မှာ နားကိုဆို့မထားပါနှင့်။ ကာကွယ်ဆေးထိုးကြစို့။ မြန်မာစာ မှန်အောင်ရေးကြစို့။

ဒေါက်တာတင့်ဆွေ

မြန်မာပြေမှာလာ

၁။ Hi ဆရာ တိချင်ဒါလေရှိလို ဆရာဘယ်မှာနေလဲ မြန်မာပြေမှာလာ

၂။ မင်္ဂလာပါ ဆရာ တခုလောက် မေးချင်လို့ပါ ph care လိုမျိုး အမျိုးသမီးသန့်စင်ဆေးရည်က ယောက်ျားလေး သုံးလို့ရသလား သုံးရင်ရော ဘေးထွက်ဆိုးကျိုး ရှိမလား သိချင်တာပါဆရာ ဖြေကြားပေးပါရှင့်

၃။ ဆဌသံင်္ဃာရတနာတင်ကမ္ဘာအေးလိုင်ကူ။ သာသနာကြီးဆက်လက်တည်တန့်ပွားများပါစေလို့ တင်ထားတာကို ဖတ်ရပါတယ်။

အဲဒီထဲမှာ သတ်ပုံပြင်စရာ (၃) ခုရှိပါတယ်။ (ဆဋ္ဌ)၊ (သံဂါယနာ) နဲ့ (လိုဏ်ဂူ)။

မြန်မာပြည်ရဲ့ ကျန်းမာရေးစနစ်အဆင့် ၁၉၀။ ဘာသာရေးအသိအဆင့် ၁၉၀။ မြန်မာစာအရေးအသားအဆင့် ၁၉၀။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၁-၂ဝ၁၇
၃ဝ-၁၁-၂ဝ၁၈
Fish bone in the throat ငါးရိုးနင်တဲ့ လူနာများ

မောင်အောင်ပွင့်ရေးတဲ့ ငါးရိုးနင်တဲ့ငွေလမင်းကို ကိုးကားကြတယ်။ ဆရာမောင်အောင်ပွင့်ကို ပေါ်လစီသတ်ပုံနဲ့ရေးပြီး ချီးမွမ်းကြတယ်။ ကျွန်တော့်ဆီကိုလည်း အဲလိုသတ်ပုံနဲ့ရေး မေးကြတယ်။ အကုန်ပြင်လိုက်တယ်။ မပြင်ရင် ကျွန်တော်ပါ နင်နေမယ်။

၁။ ကျွန်မ အသက် ၃ဝ ပါ။ လွန်ခဲ့တဲ့ ၁ဝ ရက်လောက်က ထမင်းစားရင်း ငါးဖယ်အကောင်သေး အရိုးမျက်ပါတယ်ဆရာ။ ထုတ်လို့မရပါရှင့်။ ထုတ်မရလို့ မထုတ်ပဲ ထားလိုက်ပါတယ်။ ယခုချိန်ထိလဲ ထုတ်မရပါ။ မျက်သလိုလို စူးသလို တခါတခါ ခံရခက်ပါတယ်။ အကယ်လို့ မထုတ်ပဲထားလို့ ကြာလျင် အနာဖြစ်နိုင်သည်၊ စိုးရိမ်ရသည်ဟု ပြောကြပါသည်။ မည်သို့ လုပ်ရမလဲ လမ်းညွှန်ပေးပါရှင်။ အန္တရာယ်ရှိနိုင်ပါသလား ဆရာရှင့်။ (မြတ်ကို မျက်လို့ ပြင်လိုက်တယ်။)

၂။ ကျမလွန်ခဲ့တဲ့လေးရက်လောက်က ငါးစားရင်းအရိုးမျက်သွားပါတယ်။ တံတွေးမျိုချရင် အနည်းငယ် နာပါတယ်။ ငါးရိုး ပြန်မထွက်သေးဘူးလို့ထင်ပါတယ် ရှင့်။ အခု လည်ချောင်းနဲ့ နားထဲမှာအရမ်းယားပြီး နေရခက်လွန်းလို့ပါ ဆရာ။ အရိုးပြန်မထွက်ဘဲ ကြာသွားရင် ကင်ဆာဖြစ်တတ်ပါသလားရှင်။ ကျေးဇူးပြုပြီးဖြေပေးပါအုံး ဆရာ။

၃။ လည်ပင်းတွင် အရိုးစူးတာ မသက်သာတာ အတော်လေးကြာပါပြီ။ ဘယ်လိုများ ကုသသွားရမှာကို လမ်းညွှန်ပေးစေချင်ပါတယ်။ အမည် (့)၊ အသက် ၂၈ နှစ်၊ ကျား၊ တောင်ကြီးမြို့။

လည်ချောင်းထဲ ငါးရိုးစူးရင် နာမယ်၊ အနေရခက်မယ်၊ တံတွေး များလာမယ်။ အမျိုရခက်မယ်။ ကိုယ့်ဖါသာ လက်နဲ့ ထုတ်လေ ပိုဆိုးလေဖြစ်တတ်တယ်။ နား-နှာခေါင်း-လည်ချောင်း ဆေးခန်းတွေမှာ မကြာခဏတွေ့နေရတယ်။ ဖြစ်တဲ့သူကို ရေအရင်သောက်ခိုင်းပါ။ ရေမျိုနိုင်ရင် ပေါင်မုံ့-ထမင်း နဲနဲစား-မျိုကြည့်ပါ။ ရသွားတတ်တယ်။ အရပ်နည်းတွေလဲ ကြားဘူး၊ လုပ်ဘူးကြမှာပါ။ တချို့က ထမင်းပူပူကို အဆုပ်ကလေးလုပ်ပြီး မဝါးဘဲ မျိုစေတယ်။ သူများနိုင်ငံတွေမှာ ပေါင်မုံ့၊ ခရက်ကာ၊ အုတ်အစာအစားခိုင်းတယ်။ လိမ္မော်ရည်သောက်ခိုင်းတာက စစ်ထရစ်အက်စစ်ပါလို့ အရိုးကို ပျော်စေမယ်။

လူနာကို အထိုင်ခိုင်းပြီး လျှာကိုဖိကြည့်ရတဲ့ ကိရိယာသုံးပြီး ရှာကြည့်ပါ။ အရိုးတွေ့နိုင်တယ်။ ပွန်းပဲ့နေတာ ရှိရင်လဲ မြင်နိုင်မယ်။ ဆရာဝန်ကနေ ခေါင်းတပ်မှန်သုံးပြီး အာခေါင်နေရာကို စစ်ဆေးမယ်။ လျှာရဲ့အခြေ၊ အာသီးတွေနဲ့ Vallecula နေရာကို အသေအခြာ စစ်ဆေးမယ်။ လျှာကို ထုတ်နိုင်သလောက် ပတ္တီးစ (အဝတ်စ) သုံးပြီး ဆွဲထုတ်ရမယ်။ အောက် ရှေ့သွားတွေနဲ့ မထိခိုက်စေနဲ့။ လိုအပ်ရင် အာခေါင်ပြော့ နဲ့ နောက်ပိုင်းနေရာတွေကို (10% Lidocaine spray) ထုံဆေး ပန်းဆေး ပေးပါ။ Xylocaine viscous ထုံဆေးကို ပလုပ်ကျင်းခိုင်းတာလဲ လုပ်ခိုင်းနိုင်တယ်။ သတိထားဘို့က ထုံဆေး သုံးလို့ မနာတော့ပေမဲ့ မရှိတော့တာ ဖြစ်ချင်မှဖြစ်တယ်။

လိုအပ်ရင် Soft tissue lateral x ray of the neck ဓါတ်မှန်ရိုက်ရမယ်။ ဒါပေမဲ့ ဓါတ်မှန်မှာ ပေါ်ချင်မှပေါ်တယ်။ ငါးရိုးတို့ Aluminum pop tops အလူမီနီယမ် ပုလင်းပိတ်အစတို့က ဓါတ်မှန်မှာ မပေါ်ဘူး။ ဒါပေမဲ့ နောက်ဆက်တွဲဖြစ်တာမျိုးရှိရင် မြင်နိုင်တယ်။ Retropharyngeal abscess အနာဖြစ်တာ နဲ့ Severe cervical spondylosis လည်ပင်းရိုး ကျီပေါင်းတက်တာတို့ကို ဆိုလိုတယ်။ Lateral soft-tissue x rays ရိုက်တာက အခွဲရခက်တာမျိုးတွေ ရှိနိုင်တယ်။ Ligaments အရွတ်၊ Cartilage အရိုးနုတို့နဲ့ မှားတတ်တယ်။ Plain x ray ရိုးရိုးဓါတ်မှန်မှာ Calcification of Laryngeal and Hyoid cartilages အရိုးနုတွေက ထုံးဓါတ်ပြောင်းလဲတာနဲ့ လွဲတတ်တယ်။

ဓါတ်မှန်ရိုက်ရင် လည်ပင်းရိုး (၇ ရိုး) အားလုံးကို မြင်ရအောင် ရိုက်သင့်တယ်။ Barium swallow-Contrast study ဆေးရည် မျိုချပြီးမှ ရိုက်တဲ့ဓါတ်မှန် လုပ်ရတာလဲ ရှိတယ်။ ငါးအမျိုးအစား မတူရင် ငါးရိုးကို ဓါတ်မှန်မှာ မြင်ရတာ မတူကြဘူး။ ကြက်ရိုးက လူ့လက်ချောင်းနဲ့ ဆင်တယ်။ Trout နဲ့ Mackerel ငါးတွေက သိပ်မြင်သာဘူး။ Salmon ငါးက မြင်သာတယ်။ ငါးရိုးတွေကို ချက်-ကြော်ပေမဲ့ ဓါတ်မှန်မှာမြင်ရတာ ပြောင်းမသွားတတ်ဘူး။ အစိမ်းနဲ့ အတူတူဘဲ မြင်ရတယ်။ ၇၅% ကို မြင်ရတယ်။

လျှာအောက်ခြေနဲ့ Hypopharynx နေရာတွေမှာဖြစ်နေရင် မှန်ဖြစ်ဖြစ် Indirect laryngoscope ကိရိယာကိုဖြစ်ဖြစ် သုံးရတယ်။ Fiber optic nasopharyngoscopy ကိရိယာရှိရင်တော့ အကောင်းဆုံး ဖြစ်မယ်။ Endoscopy လည်ချောင်းထဲ ကိရိယာထည့်ကြည့်တာလဲ လုပ်နိုင်တယ်။ Rigid laryngoscopy, Esophagoscopy နဲ့ Bronchoscopy ဆိုတာတွေကိုတော့ မေ့ဆေးနဲ့လုပ်ရတယ်။

• ငါးရိုးက သိပ်ငယ်ရင် မြင်ရဘို့ ခဲယဉ်းတယ်။
• တွေ့ရရင် Tilley forceps ညှပ်နဲ့ ဆွဲနုတ်ပါ။
• တချို့လူနာတွေကိုသာ ပဋိဇီဝဆေးပေးဘို့လိုတယ်။ ရှာကြည့်တာလဲမမြင်၊ ဓါတ်မှန်မှာလဲ မတွေ့၊ ဒါပေမဲ့ လူနာက ကိုယ်ပူတာ နဲ့ နာတာပါရောဖြစ်နေရင် Broad spectrum antibiotic ပဋိဇီဝဆေးပေးသင့်တယ်။
• ထိခိုက်သွားတဲဒဏ်ကြောင့် နာနေတာမျိုးက တကယ် အရိုးမရှိပေမဲ့ဖြစ်နိုင်တယ်။ နောက်ရက်ဆို ကောင်းသွားမယ်။ မကောင်းရင်တော့ Endoscopy ထပ်လုပ်ရမယ်။
• ငါးရိုးက ရက်နည်းနည်းလောက်ကြာရင် အစာမျိုပြွန်ကို ဖေါက်သွားနိုင်တယ်။
• ဓါတ်ခဲတစ်ဆို့နေတာမျိုးကို သတိထားရမယ်။ အထဲက အယ်လ်ကာလီဓါတ်ကြောင့် တစ်ရှူးတွေ သေစေနိုင်တယ်။
• ဆေးတောင့်ကိုမျိုရင်လည်း တစ်မနေအောင် သတိထားပါ။ Irritating ulcer အနာဖြစ်စေတတ်တယ်။
• ငါးရိုးမဟုတ်ဘဲ တခြားလည်ချောင်းရောဂါရှိနေတာလဲ သတိထားရမယ်။ ၂ဝ% မှာ ငါးရိုးမဟုတ်တာ တွေ့ရတယ်။

Dr. တင့်ဆွေ
၁၂-၄-၁၀၁၆
၃၀-၁၁-၂၀၁၈

တနှစ်ကို  တစ်နှစ်ရေတော့ ဂဏန်းရေတွက်သလိုဖြစ်နေတယ်ဆရာ တစ်နောက်က နောက်ဆက်မရှိရင်သာတစ်သုံးရတာ အဆင်ပြေတယ်

ဘာပြောချင်သလဲ မသိပါ။ တ နဲ့ တစ်ကို ဆရာလာလာလုပ်ကြတာ လူတရာလောက်ရှိပြီ။ ကျွန်တော်တင်ပြတာက တထောင်လောက်ရှိပြီ။ ရေတွက်လို့ရရင် တစ်ဆိုတာ ၁၀၀% မမှန်။ ဂဏန်းဆိုရင် တစ်က မှန်တယ်။ ကျွန်တော်က ဆရာ မလုပ်ပါ။ ကျွန်တော့်ကို သင်ပေးလိုက်တဲ့ဆရာ ဆရာမတွေသင်သလိုလိုက်ရေးတယ်။ ရေတွက်လို့ရရင် တစ်။ မ နောက် ဘဲလိုက်ဆိုတာ ထွင်လုံးတွေသာဖြစ်တယ်။ အရင်က မရှိပါ။ ဘယ်လိုပြောပြော မရတာလည်း သိပါတယ်။

Dr. တင့်ဆွေ
၃၀-၁၁-၂၀၁၈

ကလေးအမေ ကိုယ်ဝန်ဆောင် အသက် မပြောချင်

ဆရာရှင့်ဖြေပေးပါအုန်းနော် သမီးက အခုကိုယ်ဝန်က ဒုတိယပါ ၃၈ပတ်ကျော်ပြီ ကလေးက အောက်ကိုခေါင်းစိုက်ရင် မွေးတော့မှာလား ခေါင်းစိုက်ပြီး ညှပ်ရိုးကွင်းထဲဝင်မှ မွေးတာလား သိချင်လို့ပါ og ကညှပ်ရိုးထဲ ခေါင်းမဝင်သေးဘူးပြောလို့ မွေးဒိတ်လဲနီးနေပြီဆိုတော့ စိတ်ပူလို့ပါ ဖြေပေးပါအုန်းနော် ဒိတ်က ၁၂.၁၂.၁၈ ပါ ပထမကလေးလည်း ရိုးရိုးဘဲ မွေးထားတာ အခုကအပတ်ရေပြည့်လို့မှ ခေါင်းမဝင်သေးရင် ခွဲမွေးရတရ်ပြောလို့ ဖြစ်နိုင်ရင် ရိုးရိုးဘဲ မွေးချင်လို့ပါဆရာ ဘယ်လိုနေထိုင်လေ့ကျင့်ရင် ခေါင်းဝင်မလဲဆရာရှင့် ညှပ်ရိုးကျဉ်းတာနဲ့ရောဆိုင်လားဆရာရှင့်။

မေးနည်း ပို့ထားပြီး။ အသက် မပြော။ စမ်းသပ်ကုသပေးနေတဲ့ ဆရာဝန်က သူ့လူနာအကြောင်း ပိုသိ။ တခါမွေးထားသူ အရိုးကျဉ်းတာ မဖြစ်နိုင်။ တရ်လို့ရေးတာ မှားကြောင်း ၃-၄ ကြိမ် တင်ထားတယ်။

Dr. တင့်ဆွေ
၃၀-၁၁-၂၀၁၈

Chicken Pox Scars ရေကျောက် အမာရွတ်

မင်္ဂလာပါဆရာရှင့် ကျွန်မအသက် ၁၉နှစ်ပါ လွန်ခဲ့တဲ့ လေးနှစ်လောက်က ရေကျောက်ပေါက်ပြီးနှဖူးမှာ အချိုင့် ကျန်ခဲ့ပါတယ်ဆရာ နှဖူးတည့်တည့်မှာဆိုတော့ကြည့်ရဆိုးလို့အရေပြားဆေးခန်းသွားပြပါတယ် လေဆာပစ်ရင် ပျောက်တယ်လို့ပြောပါတယ် ၇ကြိမ်လောက်လေဆာပစ်ပေမဲ့ မသိသာပါဘူး အမာရွတ်က ပိုတော့ဖြူလာပါတယ်ဆရာ အဲ့ဒါကြောင့်လေဆာမပစ်တော့ပဲ ရပ်လိုက်ပါတယ်ဆရာ မပျောက်နိုင်တော့တာလား ပျောက်အောင် ဘယ်လိုလုပ်ရမလဲ ဖြေပေးပါဆရာရှင့်

Home Remedies for Chicken Pox Scars ရေကျောက် အမာရွတ်ပျောက် အိမ်တွင်းသုံးဆေးနည်း https://doctortintswe.blogspot.com/2018/11/home-remedies-for-chicken-pox-scars.html

Dr. တင့်ဆွေ
၃၀-၁၁-၂၀၁၈

ညပိုင်း အမေးများ

၁။ နေ့လည် နဲ့ နေ့လယ် ဘယ်အသုံးကအမှန်ပါလဲဆရာ။

လည် နဲ့ လယ် https://doctortintswe.blogspot.com/2017/01/blog-post_11.html

၂။ ဆောင်းဘောက်မလိုဘဲ ရေ နဲ့ အသံထိန်းညှိတယ်ဆိုတာ ဘယ်လိုလဲ ဆရာ။

မေးကြတာ ၂ ယောက်ရှိပြီ။ ဆရာဋ္ဌေးရေးတဲ့ ရောင်းစားခံလိုက်ရတဲ့ ဆေးတက္ကသိုလ်ရှေ့က လိပ်ကလေး (သုတကဖေး) မှာ ပါတယ်။ ကူးရေးပါမယ်။ ကျေးဇူး။

လိပ်ခုံးခန်းမမှာ ဘာလို့ ပွဲတွေကျင်းပခဲ့ရသလဲဆိုတာ စိတ်ဝင်စားစရာပါ။ လှပ ပနံတင့်ရုံသာမကဘဲ ထူးခြားတဲ့ အဆောက်အအုံ ဗိသုကာဖွဲ့စည်းပုံကြောင့်လည်း ဖြစ်ဟန်ရှိပါတယ်။ အဆောက်အအုံရဲ့ အကျယ်ဟာ အနံ ၉၃ ပေ။ အလျား ၁၅၃ ပေ ရှိတယ်။ ဧရိယာ စတုရန်းပေ ၁၄၂၂၉ ရှိတယ်။ ထူးခြားတာက အဲဒီအကျယ်အဝန်းထဲမှာ မိုက်ကရိုဖုန်းမလို၊ ဆောင်းဘောက်မလိုဘဲ ဘယ်နေရာကပြောပြော ဘယ်နေရာက နားထောင်နားထောင် အသံကို ပီပီသသ ကြည်ကြည်မြမြ ကြားနေရခြင်းပါပဲ။ ဒီလို ထူးခြားချက်ကို ဖြစ်ပေါ်စေတာက ရေကနေ အသံထိန်းစနစ်တခု ရှိနေခြင်းကြောင့်ပါပဲ။ (Surrounding Sound System) ပါပဲ။ ဒါဟာ လိပ်ခုံးအဆောက်အအုံရဲ့ ထူးခြားချက်ပါ။

၃။ ဆရာ၊ တုံး နဲ့ တုန်း အသုံးပြုပုံ သိချင်ပါတယ်ဆရာ။

တုံး နဲ့ တုန်း https://doctortintswe.blogspot.com/2016/10/blog-post_20.html

Dr. တင့်ဆွေ
၃၀-၁၁-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး