ဦးကျော်ရန် ရေးသားတဲ့ မြန်မာစကားပုံကျမ်း

အနုငါးရာ၊ ရင့်မာတကျိတ်၊
အဝတ်တထည် ကိုယ်တခု
အသီးတရာ၊ အညှာတခု
အသက်တရာမနေရ၊ အမှုတရာတွေ့ရသည်
အသွားတတိုင်ရှိက အပြန်တတိုင်ရှိသည်
အက္ခရာတလုံး ဘုရားတဆူ
အိပ်သော်တရေး၊ ကိုကျိုးပေး၊ တရေးနိုးသော် အကြံပေါ်၊ ပေါ်သည့်အကြံတသိန်းတန်
အိမ်တဆောင်၊ မီးတပြောင်
သြဥတခွန်း၊ ယင်တဇွန်း
ဥစ္စာတခါပျောက်၊ ငရဲဆယ်ခါရောက်
အသက်မွေးမှု တခုခု
အပ်တချောင်းကို ဦးပဲ့ထမ်းသည်
အုပ်ရှစ်တတင်း၊ နှမ်းတတင်း
အိုးတလုံး၊ ဖျာတချပ်
ဥစ္စာပျောက် တယောက်ယူနိုး
ဥစ္စာပျောက် တယောက်ယိုး

၁၉၁၂ ခုနှစ်ကထုတ်တာ။ ပဌအမကြိမ်နှိပ်ခြင်း၊ စာအုပ်အဘိုးက ၄ ပဲ။ စာအုပ်က ရှေးကျ၊ တန်ဘိုးကလည်းနည်းတော့ ဘယ်သူကမှ တန်ဘိုးထားကြမှာမဟုတ်။ ကျွန်တော့်အတွက်တော့ ရွှေထုပ်တဲ့ မြပုဝါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး