Cause of death သေဆုံးရခြင်းအကြောင်း

ဒီလင့်က ကလေး ၂ ယောက်ဆုံးတာ ဂျင်းသုတ်နဲ့ ကိုလာသောက်လို့ပြောတယ် ၁နှစ်ကလေးက အမေနို့ကြောင့်တဲ့ ဖြစ်နိုင်လားဆရာ

အဲလိုဟာတွေ မကြာမကြာလာတယ်။ လူတွေစားတာသောက်တာတွေ အစုံပဲ မေးကြတယ်။ အဲတာတွေသာ စုပြီး စာရင်းလုပ်ရရင် စားစရာ နည်းနည်းသာ ကျန်တော့မယ်။

သေဆုံးရခြင်းအကြောင်းကို လိုအပ်တဲ့အခါ ဆရာဝန်တွေက လက်မှတ်ရေးထိုးပေးရပါတယ်။ လူနာ ဒါမှမဟုတ် သေဆုံးပြီးမှရောက်လာသူရဲ့ ခန္ဓာကိုယ်ကို ခွဲစိတ်စစ်ဆေးပြီးမှသာ အကြောင်းရှာပြီး ဆေးစာမှာဖြည့်သွင်းပေးရတယ်။ ဖေ့စ်ဘွတ်ပို့စ်တွေရဲ့ သေဆုံးရခြင်းအကြောင်းကို ဘယ်နိုင်ငံက ဘယ်ဆရာဝန်ကမှ လက်မှတ်ထိုးမပေးရဖူးပါ။

ပြောကြလွန်းလို့ ကိုလာနဲ့ ဒူးရင်းသီး မသေကြောင်း စားပြတဲ့ဗီဒီယို ယူကျုမှာရှိတယ်။ ရေနွေးညသိပ် မြွေအဆိပ်လို့ ပြောကြလွန်းလို့ ကျွန်တော် နေ့တိုင်းသောက်ပြနေရတယ်။

သေဆုံးသွားသူတွေရဲ့မိသားစုကိုလည်း ပိုပြီးစိတ်မကောင်းစရာဖြစ်အောင် မပြောသင့် မရေးသင့်ကြပါ။

ဒေါက်တာတင့်ဆွေ
၁၈-၁၁-၂၀၁၈

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး