လယ်စောင့်တဲလေး

မိုးရေ တက်ရေ တဖွေးဖွေး
ကွင်းကျယ် အဝေးဝေး။

လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုပ်အောက်မှာတည်။

ကြာနီတပွင့် ဖြူတပွင့်
တဲနဲ့ ပနံတင့်။     ။

ဆရာမင်းသုဝဏ်ရေးရဲ့သတ်ပုံကို ၂ ခု တင်ပြပါတယ်။ တပုံက ကျောင်းစာအုပ်ထဲကဖြစ်ပြီး နောက်တခုကတော့ တက္ကသိုလ်မောင်မောင်ကြီးရေးသားတဲ့ အသုံးချမြန်မာစာ စာအုပ်ထဲကဖြစ်ပါတယ်။

ဖိုးသာထူး ဖိုးသာထူး၊
အလွန်ဝတဲ့ဖိုးသာထူး၊
ဖိုးသာထူး ဝမ်းပူပူ၊
ဖိုးဝကြီးနဲ့တူ၊
တူပါသကွဲ့ မယုံငြား၊
သည်မှာ ကြည့်ပါလား။

ဒီကဗျာကို ဒေါက်တာမောင်ဖြူး ခေါ် ဦးဂွမ်လျောင်က ရေးတယ်လို့ တက္ကသိုလ်မောင်မောင်ကြီးက ရေးထားပါတယ်။ မရွှေဖဲ နဲ့ မောင်ရခဲကိုလည်း ဒေါက်တာမောင်ဖြူး ခေါ် ဦးဂွမ်လျောင်ကပဲ ရေးခဲ့တယ်။ ကန်တော်တပတ် ခရီးထပ်လို့ ရေးတယ်။

ခုခေတ်မှာ တစ်ဖွေးဖွေးတဲ့။ တစ်ပွင့်တဲ့။ တစ်ပတ်တဲ့။ မြန်မာစာ ပနံတင့်တဲ့ သတ်ပုံမှန်ရေးတဲ့ ခေတ်ကိုသာ လွမ်းပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁၁-၂၀၁၈

ဖိုးဝကြီးနဲ့တူ

လယ်စောင့်တဲလေးပို့စ်ထဲမှာ ဖိုးသာထူး ဝမ်းပူပူ၊ ဖိုးဝကြီးနဲ့တူလို့ပါတယ်။ အောက်မှာ ကွန်မင့်တခုလာတယ်။

ဖိုးသာထူးဝမ်းပူပူ ဖိုးဝရုပ်နဲ့တူ

ကျွန်တော်က ထင်ထားပြီးသား။ လူတိုင်းလိုလိုက အဲလိုပဲမှတ်ထင်နေကြတယ်။ သက်သေ ဓါတ်ပုံကို လက်တဖက်တည်းနဲ့ ရိုက်လိုက်ပါတယ်။ ကန်တော့။

အဲလိုပဲ မူရင်းကဗျာတွေကို လွဲရေးနေကြတာတာတွေက အတော်များတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၁၁-၂၀၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး