၁၉၀

နိုင်ငံပေါင်း ၁၉ဝ တွင် မြန်မာနိုင်ငံသည် နံပါတ်စဉ် ၁၉ဝ မှာရှိတယ်။ ကျန်းမာရေးစနစ်ကောင်းဘို့ မဲပေးစို့လို့ ၂၃-၉-၂ဝ၁၅ နေ့ကတည်းကရေးခဲ့ပါတယ်။

တနေ့ကပဲ ကျောင်းသားတယောက်ကို ပြောသေးတယ်။ အမေရိကားကို တရုပ်က ယှဉ်နိုင်ပြီ၊ ကျော်တက်ပြီ စသဖြင့် ရေးကြ ပြောကြတယ်။ တကယ်တော့ မကျော်နိုင်ပါ။ ဒီတိုင်းပြည်မှာနေရင်း မြင်အောင် သိအောင် ကြည့်ပါ။ သိလာလေလေ အံ့သြစရာကောင်းလောက်အောင် ခိုင်ခိုင်မာမာ လုပ်ထားတာတွေ သိလာလိမ့်မယ်။ သူတို့က ဘယ်အရာမဆို  ပြည်တည်ကတည်းက စံနစ်နဲ့လုပ်တယ်။

တို့မြန်မာပြည်မှာ စစ်အစိုးရကနေ ဘယ်လောက်ထိ ဖျက်ဆီးခဲ့သလဲဆိုတာလည်း အတူတူပဲ။ သိလာလေလေ ရင်နာစရာကောင်းလေလေ။ ပြောရတာ အားနာတယ်။ တချို့က မဟုတ်လောက်ဘူး ထင်ကြတယ်။ တချို့က တဖက်သတ်ပြောတာ ထင်ကြတယ်။

ငယ်ငယ်က ကျွန်တော့်ဆရာတယောက်ပြောတာ မမေ့ဘူး။ ကျောင်းတကျောင်းမှာ အသင်အပြကောင်းတဲ့ဆရာတယောက် ပြောင်းသွားတာကို ချက်ချင်းမသိသာသေးဘူးတဲ့။ ၃-၄ နှစ်ဆို သိလာကြမယ်တဲ့။ အဲတာက စာသင်ကျောင်း တကျောင်းသာ။ တိုင်းပြည်တခုမှာ ညံ့ဖျင်းတဲ့အုပ်ချုပ်ရေးစနစ်က အမြစ်တွယ်ထားရင် နလံထူဘို့ဆိုတာ နှစ်ပေါင်း မြောက်များစွာယူမယ်။

မတူတဲ့အစိုးရတက်လာပြီး ၁-၂ နှစ်မှာ သိသာတာလုပ်မပြနိုင်တာကို နားလည်သဘောပေါက်သူ မများလှပါ။ ကြားဖြတ်ရလဒ်ကြည့်။

အတွေးအခေါ်လို့ပြောရင်လည်း ဒဿနိကဆန်တယ်။ ဆင်ခြင်တုံတရားပြောရင်လည်း ဘာသာရေးဆန်တယ်။ လူအများစုဟာ အလွန်အခြေခံကျတဲ့ စဉ်းစားချက်ကိုတောင် မသိကြတော့ပါ။

လူတွေသာမက ရဟန်းတချို့လည်း ညံ့လွန်းတဲ့စာရင်းထဲမှာပါတယ်။ ကိုးကွယ်သူ မနည်း။ ယူနီဖေါင်းဝတ်တွေလည်း ပါတယ်။ အရေအတွက်သာမက အဆင့်နဲ့ နေရာပါ ယူထားကြတော့ ဆိုးသည်ထက်ဆိုးစေတယ်။ ဆိုးတယ်ဆိုတာ တိုင်းပြည်။

ကျန်းမာရေး ၁၉၀ ကမတက်တာ မဆန်းပါ။ ဘယ်အရေးမေးမေး ၁၉၀။

ဒေါက်တာတင့်ဆွေ
၂၆-၁၁-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး