By Heart အသေမှတ်

ကွန်မင့်တခုရပါတယ်။ ကျနော့ဆရာတယောက်ကတော့ သူစာသင်ရင် ဖုန်း၊ စာအုပ်တို့နဲ့ ဒေရှင်နရီထဲ လိုက်ရှာနေတာကို ခွင့်မပြုပါဆရာ။ စာသင်တာ အာရုံအဆက်ပြတ်သွားသလို ဦးနှောက်စဉ်းစားမှူနည်းစေလို့ပါတဲ့ ခင်ဗျာ။

ဘယ်ဘာသာ သင်နေတာတော့ မသိပါ။ ဒီမှာတော့ ကွစ် ခေါ် တက် ခေါ် စာမေးပွဲစစ်တာမဟုတ်ရင် အကိုးအကားတွေ ကြိုက်တာသုံးလို့ရတယ်။

တချို့စာတွေက တွေးခေါ်ရတာ မဟုတ်ပါ။ အသေမှတ်ရတာတွေ စည်းမျဉ်းလိုက်နာရတာတွေရှိတယ်။ အလွတ်ကျတ်ပညာရေးလို့ လက်ညှိုးထိုးကြတာ နေရာတိုင်းမှတော့ာ မသင့်လို့ ထင်မိတယ်။

သဒ္ဒါ၊ ပထဝီ၊ သိပ္ပံတွေမှာ တွေးခေါ်ယူလို့ မရတာများတယ်။ ဆက်စပ်စဉ်းစားတတ်အောင်သာ လမ်းဖွင့်ပေးရတယ်။ သမိုင်းမှာ သက္ကရာဇ်တွေ၊ အချက်အလက်တွေကို တွေးယူလို့မရပါ။ ကောက်ချက်ချရာမှာသာ ကိုယ်ပိုင်ချတတ်အောင် သင်ပေးရတယ်။

စည်းကမ်းတွေ ရှုတ်ပါတယ်လို့တွေးသူဟာ မီးနီပြထားတာကို ဖြတ်မောင်းတတ်တယ်။ ကားကျပ်နေရင် တခြားလမ်း ရှာတတ်အောင် အသိရစေရတယ်။ အလျင်လိုရင် အန္တရာယ်နည်းတဲ့ နည်းလမ်းရှာတတ်စေရမယ်။

အမြန်မောင်းလည်းရောက်၊ ဖြည်းဖြည်းမောင်းလည်းရောက်။ ဘယ်ဘုန်းကြီး သင်္ကန်းအရင်ရုံရုံ ဆွမ်းစားတော့ အတူတူ။

အလယ်တန်းကျောင်သားတုန်းက အလွတ်ကျက်ခဲ့တာတခု အခုထိ မမေ့သေးပါ။ ကုန်းဘောင်မင်းဆက် ၁၁ ဆက် = လောင်း-နောင်-ဆင်-စဥ့်-မောင်-ဘိုး-ဘ-သာ-ပု-မင်း-သီ။

အင်္ဂလိပ်စာသဒ္ဒါမှာ ရူးလ် ခေါ် စည်းကမ်းဥပဒေသဆိုတာတွေကို အသေမှတ်ရတယ်။ အနည်း-အများ၊ အတိတ်-ပစ္စုပ္ပန်-အနာဂတ်၊ အထီး-အမ စတာတွေ။

ဒေါက်တာတင့်ဆွေ
၁၈-၁၁-၂ဝ၁၇
၁၈-၁၁-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး