ငှက်ဖြစ်လျှင် ပျံကာလာပြီ

ဇောမှာနော် ထင်လှလို့
မမြင်ရ ဝေးကွာ
ရင်မ၍ ဆွေးတာကို
မေးလာရင် ယောင်မေ့။

နှုတ်ခွန်းတုံ့ မပြောနိုင်သည်
မောခွေယိုင် သဲဘွင်ကမြေ့
ငှက်ဖြစ်လျှင် ပျံကာလာပြီ
ဖန်တရာ ယနေ့။

သံစာစာ ကလေ့ဖြင့်
တနေ့မှ မပြယ်
ခေါ်သလို ခါခါကြားလှာလို့
ဗျာဗျာများ ထူးမိတော့တယ်။

ညာညာဘွား တဦးသယ်မှာ
ရူးမကွယ် လေလားထင့်
ရွှေပါးမှာ မျက်ရည်အိုင်
ငေးလက် ပွေ့မှိုင်။

ပြောင်ရှူးဘွက် ဂယက်ဆိုင်သလို
မရှက်နိုင် လွမ်းပါဘိလေး။

အချုပ်တန်း ဆရာဖေ ရေးသားတဲ့ မူရင်း သတ်ပုံအတိုင်းဖြစ်ပါတယ်။

ဖန်တစ်ရာ မဟုတ်ပါ။ တစ်နေ့မှ မဟုတ်ပါ။ တစ်ဦးသယ်မှာ မဟုတ်ပါ။

သဲဘွင် ဆိုတာ သဲဘဝင်ဖြစ်ပါမယ်။ မေးလာရင် ဆိုတာ မေးလာလျှင်ဖြစ်ပါမယ်။

ကဗျာ၊ သီချင်း၊ သံချပ်၊ ဆောင်ပုဒ်၊ သတင်းစာခေါင်းစီး၊ ကာတွန်းတွေမှာ စံကိုက်သတ်ပုံအတိုင်း မဟုတ်ပဲ ရေးတာမျိုး ရှိပါတယ်။ သတ်ပုံကျမ်းအဖြစ်သုံးမရနိုင်ပါ။

ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂၀၁၈

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်