ကြည်အောင် သတ်ပုံပြင်တွေလား

ကြည်အောင် ကဗျာပေါင်းချုပ် ပထမအကြိမ် ၂၀၁၈ ခု

သတ်ပုံပြင်တွေလား။ ကြည်အောင်က မြန်မာစာသတ်ပုံ မှန်အောင်ရေးတယ်။

အချစ်

အဖိုးအိုလျှင်
ညောင်ညိုရိပ်အောက်၊ ပုဆိန်မြှောက်ကာ
ထင်းပေါက်ခွဲပြီး၊ ချွေးဖြာစီး၏။

အဖွားအိုက
ရေချိုတခွက်၊ လက်လှမ်းဆက်သည်
အော် သက်ရွယ်ခါးကုန်း၊ သွားကြွေပြုန်းလည်း
ချစ်တုန်းခင်တုန်းပါတကား။

ကြည်အောင် (ငွေတာရီမဂ္ဂဇင်း ၁၉၆၃)

ငန်းရိုင်းတကောင်

ဟစ်ကြော် ပျံသန်း ရင်ပေါင်တန်းနေ
တောငန်း တအုပ် ၀ါဂွမ်းဆုပ်လို
လှုပ်လှုပ် ဖွေးဖွေး ဝေး ဝေး ဝေး ပေါ့
ရေးရေး မှုန်မှုန် ၀ိုးတ၀ါး။

နောက်ဆုံး နေရောင် ငန်းတကောင်ဟာ
တိမ်မှောင်တွေအောက် ငန်းအုပ်နောက်ကို
လမ်းပျောက် မှန်းမျှေုာ် တကြော်ကြော်နဲ့
ဖော်ခေါ်သံပေး ဝေး ဝေး ဝေးပေါ့
ညရေး မှိုင်းညို အမှောင် မျိုချိန်
တိမ်ပြို လျှပ်ပြက် ငန်းရိုင်းနက်ကယ်
မိုးသက် မုန်တိုင်း ဆင်တော့မယ်။

ကြည်အောင် (၁၉၆၇။ အမတ တရား၊ ကြည်အောင် ကဗျာများ စာအုပ်မှ)

ဒေါက်တာတင့်ဆွေ
Than Lwin ကျေးဇူး။

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး