SWE ဆွေကို ဘယ်လိုအသံထွက်သလဲ

ကျွန်တော့်မျိုးဆက်တွေ နာမည်အဆုံးမှာ ဆွေ ပါစေထားတယ်။ ကျွန်တော့်မိဘတွေက မှည်ထားတဲ့နာမည်ပါ။

မြေးတယောက်ရဲ့ ကျောင်းအားကစားဂျာစီနောက်ကျောမှာ ဆွေ ရေးထားတာတွေ့တယ်။ ပဌမစာလုံး နောက်ဆုံး၊ အလယ်၊ ကိုယ်ကြိုက်တဲ့တလုံး ရိုက်ပေးပါသတဲ့။ အခုပဲ မေးတယ်။ ဆွေအသံထွက်အမှန်က ဘယ်လိုလဲတဲ့။

သားသမီးမြေးမြစ်တွေနာမည်မှာ ဆွေနာမည်ပါတော့ ကိုယ်ကောင်းတာရော ဆိုးတာပါ အမွေပေးထားသလိုပဲ။

ဆွေအသံထွက် ခက်သလို ကျွန်တော့်အကြောင်း စုံအောင်သိဘို့လည်း ခက်ကြမယ်။ အရေးမကြီးပါ။ ဒီအင်န်အေကိုတော့ ပြင်မရ။

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂ဝ၁၈

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်