ကိုဘဟိန်းတို့ ထောင်ထဲတွင် ထောင်ကျပြန်ပြီ

ဇန်နဝါရီလ ၆ ရက် သောကြာနေ့ ညနေ ၃ နာရီခွဲခန့်အချိန်တွင် ရေနံသပိတ်ပေါင်း တထောင်ကျော်နှင့် အင်းစိန်မြို့ အစိုးရတန်းမြင့်ကျောင်းသပိတ်ပေါင်း ၂၀၀ ကျော်တို့ကို ထောင်(ခ) အတန်းစားခေါင်မိုးပေါ်မှနေ၍ တရားဟောသော မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအသင်းဥက္ကဌ ကိုဘဟိန်းနှင့်တကွ သခင်ရဲဘော်အပေါင်းတို့အား ထောင်မှူးက တရားစွဲဆိုရာ ထောင်ပိုင်ကြီးက ၎င်းရဲဘော်တစုကို ဇန်နဝါရီလ ၇ ရက်နေ့မှစ၍ တလတိတိ တိုက်သွင်း အကျဉ်းထားရန် အမိန့်ချမှတ်လိုက်သည်ဆိုကြောင်း၊ ယခုအခါ ကိုဘဟိန်းနှင့် ရဲဘော်တစုတို့သည် သတင်းစာဘတ်ခွင့် မရရှိသည့်ပြင် ထောင်ဝင်စာခံသောသူများနှင့်လည်း တွေ့ဆုံပြောဆိုခွင့် မပြုဘဲထားသည်ဟု သတင်းရရှိကြောင်း။

ထွန်းမောင်
ခေါင်းဆောင်
အင်းစိန်အစိုးရတန်းမြင့်ကြောင်း

၉-၁-၁၉၃၉ နေ့ထုတ် သူရိယသတင်းစာမှာ ရေးထားတာ တစ်ထောင်ကျော် မဟုတ်။ ရဲဘော်တစ်စု မဟုတ်။ တစ်လတိတိ မဟုတ်။

ကိုဘဟိန်းကို လေးစားသူတွေ၊ ကျောင်းသားအရေး ဆောင်ရွက်နေကြသူတွေ၊ နိုင်ငံရေးကြောင့် ထောက်ကျဖူးသူတွေ၊ သတင်းစာဆရာတွေ သိစေအပ်ပါကြောင်း။

ဒေါက်တာတင့်ဆွေ
၂၁-၁၁-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး