Tuesday, November 20, 2018

ဆေးလိပ်လက်ဆောင်

မေးတာတခုရတယ်။ မဝယ်ဘူး မယ်ခူးတဲ့ဖက်ဆို မ ရှေ့ရှိလျှင် ဘ နဲ့ ဆုံးမယ်။ အဲ့လိုသင်ခဲ့ဖူးတယ်။ မှန်သည် မမှန်သည်တော့ ပညာသည်တွေ သိမှာပဲ။

ဖက်ဆိုလို့ရေးရင် သွက်သွက်ခါအောင် မှားတယ်။ ဘယ်ဆရာဆရာမတွေက ဘယ်စာအုပ်တွေ ဘယ်ကျမ်းတွေကို ကိုးကားပြီး သင်ပေးကြသလဲတော့ မသိပါ။ မြန်မာစာမှာ သိပ္ပံမှာလို ဖေါ်မြူလာတွေက အသုံးမကျတာက များတယ်။ မ နောက်က ဘဲ လိုက်ဆိုတာ၊ ရေတွက်လို့ရရင် တစ်လုပ်ပါ။ အဲဒီနှစ်ခုလုံးကို နေရာတိုင်းမှာ သုံးလို့မရပါ။ ယေဘုယျ မှန်တာတော့ များပါတယ်။ နမူနာတွေ အကိုးအကားတွေ ပေးထားတာ များလှပြီ။

ဆေးလိပ်လက်ဆောင်
• မဝယ်ဘူး မယ်ခူးတဲ့ဖက်စို။

• မီးမကူ နေပူမှာ မကင်အားလို့
• ထားရတယ် အိပ်ယာအောက်မှာ
• မင်းသောက်ဖို့ကို။ (မယ်ခွေ)

ရိုးရိုးလေးသာ စဉ်းစားကြည့်ပါ။ ဖက်က စိုနေလို့ မယ်ခွေမှာ မီးကင်စရာ ရှာနေရတယ်။ မီးမကူနိုင်လို့ သူ့အိပ်ယာ အောက်မှာသာ ထားရရှာတယ်။ ခုခေတ်သတ်ပုံတွေမှာ အိပ်ရာ၊ မွေ့ရာလို့ရေးတယ်။ မူကွဲဖြစ်တယ်။

ခန်းတော်ဝင် မနောဟရီ အိပ်မက်ဖွဲ့

ရွှေနံ့သာ ထုံကာသ၊ စုံစွာပ စီခြယ်၊
ဖုံဇာမြ ကတီလယ်မှာ၊ မဒီမယ် စက်မြန်း၊
မြင်မက်တဲ့ သုပိန္နံ၊ မှုကြိမ်ဖန် တွေ့ပေါ့တခန်း၊
ချစ်သူနင့် တွေ့ကာယှဉ်၊ မွေ့ရာတွင် ဖက်ယမ်း၊

ငွေ့ဇာသင် တက်လှမ်းလို့၊ တသက်တန်း ကြံကာ၊
အုံးတော်ကို ယောင်ကာဖက်၊ တောင်ညာရှက် ရှက်ရလေတာ။

မေချစ်တဲ့ ကိုဒေဝါရယ်၊ ပျိုမေမှာ လာမကလိပါနှင့်၊
တချိချိ ပန်းလှပါသရှင်၊ ခန်းဝ ဇာသဉ်၊
ရှောင်ရှားဘို့ ပဏာဆင်မယ်၊
ကညာခင် ထိတ်လွန်းလို့လေး။

တွေ့ပေါ့တစ်ခန်း မဟုတ်။ တစ်သက်တန်းကြံကာ မဟုတ်။ တစ်ချိချိ ပန်းလှပါသရှင် မဟုတ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၁၁-၂ဝ၁၆
၂ဝ-၁၁-၂ဝ၁၈

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...