ပုန်းညက်ကယ် မာလာကြိုင်လို့

တဝမ်းပူမှာ စ အသတ်မပါသော ဆရာကြီး မင်းသုဝဏ်၏ မိုးရာသီဘွဲ့လေးချိုးပါ ဆရာခင်ဗျာ။

ကန်သင်းကညို့ မှိုနတို ပဲဒလက်တွေ ပျိုးပါတဲ့၊
ကွမ်းမြို့ ဟိုတခို တဲပျက်နဲ့ ရိုးဆီက၊
ကဲလျက် ဆိုးတော့မှာထင့် ဒေ၀ါမောင်၊
(အိုကွယ်) မဲနက်တဲ့ မိုးဟာက သွေကာရှောင်။ ။

(သြော်) သျှိုနံဘေးမှာတော့၊
ချိုသွေးကာ တစောင်စောင်နှင့်၊
ကျွဲနှစ်ကောင် လဲအောင်ခတ်တာကြောင့်၊
သနားဖွယ် ခါးလယ်စပ်မှာ၊
ကွဲပြတ်စုတ်ရောင်။ ။

အဖု အထစ် မပြေ အမျက်ဆန် ဗလဗွေ ပေါပါဘိ၊
လမု ကသစ် သပြေ လက်ပန်တွေ နှောပါတဲ့၊
အထက်ယံဝနေ တကြောမှာတော့ မိုးညိုမှောင်၊
ချိုးပျိုနှစ်ကောင်က ကူကာချွဲ။ ။

ကုန်းအထက်မြိုင်၊
ပုန်းညက်ကယ် မာလာကြိုင်လို့၊
တလှိုင်လှိုင် တို့ရွာဦးမှာ၊
(ကိုအာကာရယ်) ဖူးငုံပွင့်ဆဲ။ ။

မင်းသုဝဏ်

ကျေးဇူး။ ချိုသွေးကာ တစ်စောင်စောင်သမားတွေ သိကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၅-၁၁-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ