White အဖြူခြင်းက မတူကြ
လေးနှစ်ဆိုတာ ဘာကြာသေးလို့လဲ။
လေးနှစ်တိတိက မနက်ခင်း ကော်ဖီသောက်နေရင်း အခန်းပြူတင်းကနေမြင်ရတဲ့ မြင်ကွင်း။ ဒေါင်လိုက် ဝင်းဒိုး ရှပ်တာကနေ ဖွေးဖြူနေတဲ့ အပြင်ကမြင်ကွင်းကို ကြည့်ရင်း ဇနီးဖြစ်သူက သူသတိရတာကို ပြန်ပြောပြပါတယ်။
မုံရွာအကျဉ်းထောင်၊ အမျိုးသမီးဆောင်မှာ ၃ X ၁ လက္မသစ်သားတွေကို တလက္မခြား ဒေါင်လိုက် ကာရံထားတဲ့ ပြူတင်းကနေကြည့်တိုင်း ဖြူဖွေးနေအောင်သုတ်ထားတဲ့ အုတ်နံရံ တံတိုင်းကိုသာ နေ့တိုင်းမြင်ခဲ့ရပါသတဲ့။
အဲဒီထဲမှာ တလသာကြာခဲ့တယ်။ အနှစ်နှစ်ဆယ်ကျော်လာပေမဲ့ အပူအဆွေးတွေကတော့ ဖြူဖွေးနုနေဆဲတဲ့။ အေးတဲ့အဖြူ ပူတဲ့အဖြူ မတူပါတကား။
ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂ဝ၁၄
၁၇-၁၁-၂ဝ၁၈

Comments
Post a Comment