ယုန်ကလေးက နားရွက်ထောင်

စောစောက ဆရာကြီးများသို့လို့ ရေးထယ်။ ဒဂုန်ဦးစန်းငွေ သတ်ပုံမှားတယ်လို့ ထင်ပါသလားအောက်မှာ တယောက်က မှားတယ်တဲ့။

ဖေ့စ်ဘွတ်မှာ အကောင့်တခုရှိသူတိုင်းက ပညာရှင်လို့သာထင်နေကြတယ်။ ဘာသာစုံကို အကဲဖြတ်တယ်။ အမှားအမှန် ပြောချလိုက်တယ်။ ဆေးနည်းတွေပေးတယ်။ ပါမောက္ခချည်းပဲ။

မှားတယ်ပြောတဲ့သူဆီက ပညာယူစရာရှိမလားလို့ သူ့နေရာဖွင့်ကြည့်ပါတယ်။ ဘောလုံးအသင်းတခုအကြောင်းသာ တင်ထားတယ်။ ၁၂ လကို အကုန်အလွတ်ရ မရ မသိ။ စာနဲ့ချရေးပါဆိုရင် ၁၂ လမှာ လယ်နှစ်လမှန်မလဲ မသိ။

ယုန်ကလေးက နားရွက်ထောင် ပညာရှိယောင်ဆောင်
ကြောင်းကလေးက လက်သည်းဝှက် ချောင်းလိုက်ရတဲ့ကြွက်
ရွှေဇီးကွက်ရဲ့ ဣနြေ္ဒ ဘုရင်ကြီးလိုနေ
မိုးလေဝသမှန်မှန်ဟော တောက်တဲ့ကိုလူချော
ပြောတိုင်းယုံတဲ့ ပုတ်သင်ညို ခေါင်းညိတ်ပါတယ်ဆို
ရွှေကျီးညို သာသာပါမှ ဧည့်သည်လာပါစ။

ဖေ့စ်ဘွတ်မှာ ယုန်များသလောက် ပုတ်သင်ညို ပေါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး