Bamboo Bed ဝါးကွပ်ပျစ်

တမြန်နှစ်က ကိုတင်တော့ ကွန်မင့်တခုက မေးပါတယ်။ အင်ဒီယာနားမှာ ဝါးရှားလားဆရာတဲ့။

ဟုတ့့် ဒီမှာ ဝါးခုတ်နေကြရတယ်။ Smile!

၁၉၉ဝ ရွေးကောက်ပွဲနိုင်ပြီး ၆ လအကြာမှာ ပြည်ပထွက်ရတော့ ကျွန်တော်နဲ့အဖွဲ့သားတွေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့အစွန်၊ ဇင်မာဘောက်မှာ ကျောင်းသားတွေနဲ့အတူနေကြရတယ်။ ရောက်စ ၆ လအတွင်းမှာ ဝါးခုတ်တာ အပါအဝင် အလုပ်မျိုးစုံလုပ်ကြရပါတယ်။ အမတ်နှစ်ယောက်ကတော့ ကင်းလွတ်ခွင့်ရတယ်။ ကျေးဇူး။

ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်ဒေါင်၊
ပျိုတို့မောင် လယ်ယာမလုပ်တယ်၊ ဝါးခုတ်တဲ့တောင်။

နွားညီနောင် အားစည်အောင်ပ ဖေကျောင်း၊
မောင်နဲ့မယ် တူယှဉ်တွဲခါမှ၊
ယူငင်ကာ ချူဆင်ဆွဲလို့ရယ်၊
လှည်းယဉ်နဲ့ မောင်း။ (အမည်မသိ ရှေးစာဆို)

အမေရိကမှာနေသူတိုင်း အလုပ်လုပ်ကြရတယ်။ အားလုံး ဝါးခုတ်ကြရတယ်။ No Smile!

ကျွန်တော် ဝါးကွပ်ပျစ်မှာ ထိုင်ခဲ့ဘူးတယ်။ လှဲနေ၊ အိပ်စက်ခဲ့ဘူးတယ်။ ဝါးကွပ်ပျစ်ပေါ်ထိုင်ရင်း လူကြီးသူမတွေပြောတာကို နားထာင်ခဲ့ဘူးတယ်။

ဝါးကွပ်ပြစ်မှာထိုင်ရင်း ငယ်ရွယ်သူတွေကို စကားပြောခွင့်မရသေးပါ။ ဝါးကွပ်ပျစ်မရှိတဲ့နေရာမှာ ရောက်နေလို့လား၊ လူကြီးသူမစကားကို ကြားလိုသူတွေ မရှိတော့လို့လား မသိပါ။

ဒေါက်တာတင့်ဆွေ
၂၃-၁၁-၂ဝ၁၄
၂၃-၁၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး