ကနေ့ မြန်မာစာ အဲတာပဲ

စာအုပ်အကြောင်း တင်တာတခုတွေ့ပါတယ်။ ပြောပြစမ်းချင် အင်္ဂလန်တခွင်။

ကွန်ဂရက်ကျူလေးရှင်း။ စာအုပ်အဖုံးက ပေါ်လစီ ပလီထားတဲ့ သတ်ပုံနဲ့ ရိုက်နှိပ်ထားတယ်။ တင်ပေးသူက သတ်ပုံ အမှန်အတိုင်း ရေးတယ်။
တခြားစာအုပ်ကြော်ငြာသူတွေကတော့ စာအုပ်တွေက အမှန်တွေရေးထားတာကို ပေါ်လစီ ပလီထားတဲ့ သတ်ပုံနဲ့ ရေးကြတယ်။ စာအုပ်ရေးသူတွေကလည်း ပေါ်လစီ ပလီထားတဲ့ သတ်ပုံတွေနဲ့ ရောင်းစားကြတယ်။

ညောင်ကန်အေးဆရာတော်ရေးသားတဲ့စာအုပ်ကတော့ အညာတခွင် တရားဟောထွက်ခဲ့စဉ်က။ အင်္ဂလန်ထွက်တဲ့သူက ဆရာတော်ထက် နယ်ကျယ်ပုံရတယ်။ ပညာတော့ တစ်နေတယ်။

စာတတ်ကတည်းက ဖတ်လာခဲ့တာတွေက ကမ္ဘာတခွင်ပြဲပြဲစင်၊ ဥရောပတခွင်၊ အောက်ပြည်တခွင်ပြဲပြဲစင်၊ ပုဂံတခွင်၊ ကျိုက်ထီးရိုးတခွင်ပြဲပြဲစင်။

တစ်ခွင်လို့တော့ အခုမှသာ တွေ့ဖူးတယ်။ ကနေ့ မြန်မာစာ အဲတာပဲ။

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂၀၁၈
Htet Aung‎ to Book Plaza Collection ကျေးဇူး။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး