အသုံးချ မြန်မာစာ

ယနေ့ နေ့လယ်ပိုင်းတွင် ကျွန်တော့်ထံသို့ အရာရှိတဦးထံမှ မေးခွန်းလွှာတလွှာ ပြုစုပေးရန် စာတစောင် ရောက်လာပါသည်။ ထိုစာတွင် အမှာစာလည်း ပါလာပါသည်။ သူ့အမှာစာတွင် ပေါရာဏများကို မမေးရန်၊ ကဗျာကို စကားပြေပြန်မခိုင်းရန်၊ ပြဋ္ဌာန်းစာများကို မမေးရန်၊ ယေဘုယျကျကျ မေးရန်၊ မေတ္တာရပ်ခံချက် အမှာစာ ပါလာပါသည်။

တက္ကသိုလ် မောင်မောင်ကြီး ရေးသားတဲ့ အသုံးချမြန်မာစာ စာပေဆောင်းပါးများ စာအုပ်ကဖြစ်ပါတယ်။ ၁၉၇၀ ခု၊ ဒီဇင်္ဘာလမှာ နှလုံးလှစာပေတိုက်က ထုတ်ပါတယ်။ မောင်မောင်ကြီးဟာ အဲဒီအချိန်က မြန်မာစာပါမောက္ခတဦး ဖြစ်ပါတယ်။

ဆောင်းပါးအဆုံးမှာ ထိုအရာရှိကား အသုံးချမြန်မာစာနှင့် အလှသုံးမြန်မာစာကို ခွဲခွဲခြားခြား မသိသေးသူစာရင်းတွင် တဦးပါဝင်သူ ဖြစ်ပါတကားဟု တွေးမိ၍ တတိယမ္ပိ ပြုံးမိပြန်ပါသည် လို့ရေးသားထားပါတယ်။

ကနေ့ခေတ်မှာတော့ အရာရှိတစ်ဦး၊ မေးခွန်းလွှာတစ်လွှာ၊ စာတစ်စောင်၊ တစ်ဦးပါဝင်သူ စဖြင့်ရေးသားတဲ့ အသုံးမကျ အသုံးမလှ မြန်မာစာ ဖြစ်နေပါတော့တယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂၀၁၈

ခေတ်ပေါ်ကဗျာ

ခေတ်ပေါ် အာရုံခံစားပုံ

တခေတ်နှင့် တခေတ် အာရုံခံစားပုံချင်း မတူကြပေ။ တခေတ်မှ တခေတ်သို့ ကူးပြောင်းသည်နှင့်အမျှ ကုန်လုပ်နည်း၊ ကုန်လုပ်ဆက်ဆံရေး၊ နေထိုင်မှု၊ လူသုံးကုန်ပစ္စည်း၊ သယ်ယူပို့ဆောင်ရေးယာဉ်၊ သတင်းပြန်ကြားရေးနည်း စသည်တို့ကလည်း ပြောင်းလဲကြပေသည်။

မြဇင်ရေးသားတဲ့ ၁၉၇၃ ခုနှစ် နိုဝင်္ဘာလထုတ် ကဗျာ နရီ နိမိတ်ပုံစာအုပ်ကဖြစ်ပါတယ်။

တခေတ်မှ တခေတ်သို့ ကူးပြောင်းသည်နှင့်အမျှ သတ်ပုံရေးသားပုံပါ ပြောင်းလဲကြပေသည်။ ကျွန်တော်ကတော့ ညံ့တယ်။ တစ်ခေတ်လို့ရေးတဲ့ကဗျာတွေကို မဖတ်တတ်။

ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂၀၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ