ထိန်း နှင့် ထိမ်း

ဆရာ ထိန်း နဲ့ ထိမ်း ကွဲပြားပုံသိချင်ပါတယ်။ အဝေးပြေးကားပေါ်မှာ ကပ်ထားတဲ့ သတိပေးစာတခုမှာ တွေ့ခဲ့တာ ဆန္ဒကို သိက္ခာဖြင့်ထိမ်းပါတဲ့။ သုံးတာ မှားနေသလားလို့ပါ။

ထိမ်း
စည်သံထိမ်းထိမ်း
ထိမ်းမှန်းသည်
ထိမ်းမြားမင်္ဂလာ
ပန်းထိမ်းမြို့
မဖဲမထိမ်း
သစ်ထိမ်းဝါးထိမ်း (ခုတ်ဖြတ်သည်)
အထိမ်းအမှတ်

ထိန်း
ကလေးထိန်း
တရားစောင့်ထိန်း
ထိန်းကွပ်
ထိန်းချုပ်
ထိန်းထိန်း(မြည်သံ)
ထိန်းကြပ်
ထိန်းသိမ်း
ထိန်းအုပ်
ထိန်းအုပ်သည်
ထိန်းကျောင်း
ပစ္စည်းထိန်း
မြင်းထိန်း
ရထားထိန်း
အထိန်းတော်

ဒေါက်တာတင့်ဆွေ
၂၇-၁၁-၂၀၁၈

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်