Stroke Causes လေဖြတ်ခြင်း

အသက် 37 Male ညာဘက်တခြမ်း လေဖြတ်သလိုဖြစ်နေပါတယ် ခြေထောက်က အခု ထောနင်းထောနင်းဖြစ်နေပါတယ် နေပူရင်ပိုဆိုးပါတယ် ကုတ်ကျီးပေါင်လိုဆရာဝန်ပြောပါတယ် ရေခဲနဲထိသလို ဟိုရောအေးခနဲဒိနေရာအေးခနဲ ခဏခဏဖြစ်နေပါတယ် ဆရာဝန်ဆေးသောက်ပြီး တပတ်အကြာ လူကလဲကျသွားပါတယ် အခု ဆေးမသောက်ဘဲ ကမ်ဇော်ဆိ ကြပ်ထုက်ထိုးပါတယ် ထိုးရင်သက်သာပြီး ခဏပြန်ဖြစ်ပါတယ် ကျေးဇူးပြုပြီး ညွန်ကြားပေးပါ နယ်ကပါ မနက်ဖြန် ygn တက်ပြီး ပြမလိုပါ ဆရာဝန်လည် အသိမရှိလိုပါ

လေဖြတ်တယ်ဆိုတာ သွေးတိုး ဆီးချိုနဲ့ ကိုလက်စထော ခေါ် အဆီများသူတွေမှာဖြစ်တယ်။ အရပ်ဆေးတွေမှာ ဆေးသုတေသန မရှိ။

လေဖြတ်ခြင်း ခေါ် ဦးနှောက်သွေးကြောမတော်တဆ ဖြစ်နိုင်ခြေရှိသူတွေကတော့ -
• သွေးတိုးရောဂါ၊
• Atrial fibrillation နှလုံးခုန်မမှန်တာ၊
• ဆီးချို၊
• မိသားစုထဲမှာ အဲလိုဖြစ်သူရှိတာ၊
• ကိုလက်စထော ခေါ် အဆီဓါတ် များနေတာ၊
• အသက်ကြီးလာတာ၊ ၅၅ နှစ်ကျော်တာ၊
• အသားမည်းလူမျိုးဖြစ်တာ၊
• နှလုံးရောဂါလဲရှိနေမယ်၊ ခြေထောက်ပိုင်းကို သွေးကြောတွေက ကျဉ်းလို့ သွေးလျှောက်တာလဲ နှေးမယ်ဆိုရင်၊
• လူအဝလွန်သူတွေ၊
• အရက်သေစာ အသောက်များသူတွေ၊
• အငန် နဲ့ အဆီစား များသူတွေ၊
• ဆေးလိပ်သောက်သူတွေ၊
• ကိုကိန်း နဲ့ တားမြစ်တားတဲ့ဆေးတွေကို သုံးသူတွေ၊
• အသက် ၃၅ နှစ်ကျော်ပြီး ကိုယ်ဝန်တားဆေး သုံးသူအမျိုးသမီးတွေလဲ ဖြစ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး