ဆရာဝန် ရသ

မနှစ်က မြန်မာပြည်အလည်ပြန်တဲ့ ခရီးစဉ်အတွင်းမှာ ဆရာဝန်ပေါင်းများစွာနဲ့တွေ့ရတယ်။ တည်းတာကလည်း ဆရာဝန်အိမ်မှာ။ သွားလေရာမြို့တွေမှာ ဆရာဝန်တွေနဲ့ တွေ့ပါတယ်။

ဆရာဝန်တွေကို အမျိုးမျိုး ဝေဘန် ပုတ်ခတ် ရေးသားကြတာတွေ ဖေ့စ်ဘွတ်မှာ ဖတ်ခဲ့ရပြီးမှ လာတာ။

တွေ့ခဲ့တဲ့ဆရာဝန်တွေကတော့ ကိုယ်တိုင်မပြောကြပေမဲ့ သူတို့ မိခင်တွေ ဆွေမျိုးတွေက ပြောကြတာတွေကို ကိုယ်တိုင် နားထောင်ရတယ်။ ရသဝတ္ထုတွေ ရေးလို့တောင်ရတယ်။ မရေးလိုပါ။ မရေးတတ်ပါ။

အလုပ်သင်ဆရာဝန်မလေးမိခင်ကပြောတယ်။ အမျိုးထဲကပါ။ ဂျူတီကျတာက ၄၈ နာရီတဲ့။

အမေရိကမှာဆို ဘယ်သူမဆို တနာရီဘယ်လောက်နှုန်းရတယ်။ အချိန်ပိုလုပ်ရင် တဆခွဲရတယ်။ ဒီမှာကတော့ မမေးခဲ့ရပါ။

သူ့အမေက နေ့လယ်စာလာပို့တာကို ကပြာကယာ မျက်နှာထားအိုစာစာနဲ့ ထွက်ယူပါသတဲ့။ ကျေးဇူးပဲအမေလို့တောင် မပြောအား။ ဟယ် ငါ့သမီး ရိုင်းနေပြီ။

အချိုပွဲစာရင်း အခါးရေပါသောက်ခဲ့တယ်။ အမျိုးဆရာဝန်မလေး လူနာတွေကိုတော့ ပြုံးပြနိုင်စွမ်းမွေးနိုင်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၁-၅-၂ဝ၁၈
၂၁-၅-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး