ရေနံဆီမီးခွက်

ကျွန်တော်တို့ငယ်ငယ်ငယ်က ရေနံဆီမှန်အိမ်နဲ့ ရေနံဆီမီးခွက်နဲ့သာ စာကြည့်ခဲ့ရတယ်။ ခြောက်တန်း ခုနစ်တန်းလောက်အထိ။ အဲဒီခေတ်မှာ ရေနံဆီကို အိမ်ဆိုင်လေးတွေကနေ ဝယ်လို့ရသေးတယ်။ ညနေဆို ထွက်ဝယ်ရပြီ။ တခါခါ ဖယောင်းတိုင်မီးနဲ့။ ဖယောင်းတိုင်တချောင်း တနာရီအကိုက်။ တည တချောင်းကုန်အောင် စာဖတ်ပြီးတော့မှ အိပ်ကြရတယ်။

အေးတဲ့အခါ ကျွန်တော်က နှာစေးတယ်။ ဘယ်ဆေးမှ မရှိ။ အမေ့ဆေးနည်းက ရေနံဆီကို နှာခေါင်းအပေါ်မှာပွတ်ရတယ်။ ပိတ်နေတာ ပွင့်ထွက်သွားရော။ အဲလိုနဲ့ ဆေးကျောင်းရောက်ပါတယ်။

ရေနံဆီ ဝယ်မရတဲ့ခေတ်မှာ ဆရာဝန်ဖြစ်ပါတယ်။ တော်သေးတယ်၊ အအေးမိတာကို ကုတတ်သွားပြီ။

ခုခေတ်ကျောင်းသားတွေ ပညာအလင်းရောင် အလွယ်တကူရကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၂-၅-၂၀၁၉

Comments