သာတဲ့ရွှေပြည်

ပုံပါပို့စ် တွေ့တယ်။ ကြာပြီနဲ့တူပါတယ်။ အခုမှတွေ့တာ။ တင်တဲ့သူကိုတော့ မသိပါ။

တယောက်က ကွန်မင့်ရေးတယ်။ သူကတော့ သူငယ်ချင်း။ spring roll နွေဦးမုံ့လိပ် ဟဲဟဲ ကော်ပြန့်ဆိုတာ ဗမာစကား ဟုတ်ရဲ့လားမသေချာဘူးလေ ဆရာကီး။

အဲတာနဲ့ ဝင်ရောချင်လာလို့။

တချို့ကလည်း ဘိုလိုဟောမှ တရားတော်တဲ့။
တချို့က အင်္ဂလိပ်လိုရေးမှ ပညာရှင်ရေးတာလို့ ထင်တယ်။
တချို့ကတော့လည်း ဗမာလိုမဟုတ် မြန်မာလိုတဲ့။

အဲလိုလူတွေ စုဝေးနေထိုင်တာကို စင်္ကာပူထက်သာသောတိုင်းပြည်လို့ ခေါ်တယ်။

ဒေါက်တာတင့်ဆွေ
၂၄-၅-၂ဝ၁၉
Image credit to Top 15 the most beautiful Myanmar places By Karolina Klesta - June 13, 2016

ဒေါက်တာ အင်္ဂျင်နီယာ မော်တော်ကား စီယာတိုင် အင်္ဂျင်ဝိုင် ဘရိတ်ရှူး ကလပ်ပလိတ် ဂီယာဘောက် စတိတ်ရှိုး မော်ဒယ် မီဒီယာ အင်္တာနက် စီဒီ ဗီဒီယို ကီးဘုတ် တို့လိုကွန်ပြူတာ တက္ကနီရှင် ဆော့ဖွဲ ဟာ့ဒွဲ မားသားဘုတ် စသဖြင့်ဗမာလိုတော့ရေးသင့်ပါတယ်ခညာ။ တောကကိုသာဗြောတို့လည်း ဖတ်လို့ရအောင် ခွဲခြားခွဲခြားမလုပ်ပါနဲ့ တဲ့။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး