Dead Languages ကွယ်လွန်သွားတဲ့စာတွေ

ဖေ့စ်ဘွတ်မှာ Emotion icons အီမိုရှင်းသင်္ကေတတွေကို သုံးနေကြတယ်။ ကျွန်တော်တော့ တချို့အရုပ်တွေကို ငိုတာလား၊ ရယ်တာလားမခွဲခြားတတ်ပါ။ လက်ပြတာလား လက်သီးနဲ့ထိုးချင်တာလာလည်း မသိပါ။ နားလည်သူတွေကြား ပို့ကြတာမဆန်းပါ။ ကျွန်တော်က နားမလည်။ Egyptian hieroglyphs အီဂျစ်အရုပ်စာခေတ်ကို ပြန်သွားနေသလိုပဲ။

မြန်မာစာ မြန်မာစကား လွဲ၊ မှား၊ ပျောက်ကွယ်၊ သေသွားမှာစိုးပါတယ်။ အခုတော့ လေဖြတ်တဲ့အဆင့်ရောက်နေပြီ။ ကမ္ဘာမှာ သေသွားသလောက် ဖြစ်နေတဲ့ ရှေးဟောင်းဘာသာစကားတွေရှိတယ်။

၁။ Ancient Greek ရှေးဟောင်းဂရိ၊
၂။ Latin လက်တင်၊
၃။ Old Norse အိုက်စလန်၊ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင် နို့စ် လက်ဟောင်း၊
၎။ Ancient Egyptian ရှေးဟောင်းအီဂျစ်၊
၅။ Sanskrit ဆန်းစ်ခရစ် (သင်္သကရိုက်၊ သက္ကတဘာသာ)
၆။ Middle English အလယ်ခေတ် အင်္ဂလိပ်၊
၇။ Aramaic အရှေ့အလယ်ပိုင်းဒေသ အာရာမစ်၊
၈။ Coptic ရှေးဟောင်းအီဂျစ် ကော့်ပ်တစ်၊
၉။ Biblical Hebrew ကျမ်းစာသုံး ဟီဘရူး၊

နံပါတ် (၁ဝ) မှာ Myanmar မြန်မာစာထည့်ရမလားမသိပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး