ဘောလုံးတခြား လူတခြား

ကျေးဇူးစကားဆိုခြင်း ဂုဏ်ပြုခြင်းဟာ အလွန်ကောင်းတယ်။ စာရေးသားသူတွေကို ကွက်ပြီးရေးပါရစေ။

သခင်ကိုယ်တော်မှိုင်းက ဘွိုင်းကောက်ဋီကာမှာ တကာတဦးက၊ တညီတညာတည်း၊ ပိတ်ပြီးတရက်၊ တရက်အတွက်၊ ဒဏ်ငွေတကျပ်မျှလို့ ရေးခဲ့တယ်။ ခေတ်ပေါ် စာရေးဆရာတွေ၊ ကဗျာဆရာတွေကတော့ တစ်တွေနဲ့သာ ရေးရေးပြီး အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပကြတယ်။

ဇော်ဂျီကိုလည်း ဂုဏ်ပြုကြတယ်။ ဂုဏ်ပြုသူတချို့က ဘဲအုပ်တရာနှစ်ရာထဲမှာ ပါနေကြတယ်။

မင်းသုဝဏ်ကိုလည်း ဂုဏ်ပြုကြတယ်။ တချို့က ဖိုးမောင်ကို မိုင်းထောင်ကြတယ်။

တရာ့တဆယ်နဲ့ ရွာ့ကျက်သရေကိုရေးတဲ့ သိပ္ပံမောင်ဝကိုလည်း ချီးမွမ်းကြတယ်။ တစ်ရာ့တစ်ဆယ်လို့ရေးပြီး ဆရာစောကျောင်းထက်သာတဲ့ ပညာရေးမှာ ဘာလေးတခုဝင်ပြုပါသလဲ မေးချင်မိတယ်။

မသိတဝက်သိတဝက်နဲ့ အိပ်ရက်တွေပါး ဗိုက်ခေါက်သား ဂုတ်သားတွေတက်လို့ စပ်ခဲတဲ့ကဗျာဆရာ တင်မိုးကို ချီးမြှောက်ကြသူတွေက မသိတစ်ဝက် သိတစ်ဝက်လို့ ဆိုကြပါတကား။

ကဗျာဆရာ မောင်အောင်ပွင့်က ရေးထားတယ်။

ဘောလုံးသမားအားလုံး၊ တအားကြုံးကြုံးကန်ကြ
ဘောလုံးထက် ရှေ့ကို၊ လူတွေ လွန်လွန်သွား
ဘောလုံးတခြား လူတခြား၊ လွဲလွဲသွား တဲ့။

ဒေါက်တာတင့်ဆွေ
၂၆-၅-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး