၁၉၉ဝ ဆိုတာ အတိတ်






ကနေ့ ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့လို့ ဖေ့စ်ဘွတ်မှာ ပေါ်လာမှသာ သတိထားမိတယ်။ ၂၉ နှစ်တိတိရှိပြီ။

၁၉၉ဝ ဆိုတာ အတိတ်။ မေ့တဲ့သူရှိတယ်။ မေ့မရသူရှိတယ်။ မဖြစ်ခဲ့တာတော့ မဟုတ်။

ဒေါက်တာတင့်ဆွေ
၂၇-၅-၂ဝ၁၈
၂၇-၅-၂ဝ၁၉

၁၉၉ဝ မှတ်တမ်းဓါတ်ပုံများ

၁၉၉ဝ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးရေးခရီးစဉ် မှတ်တမ်းဓါတ်ပုံတွေကို ၈-၂-၂ဝ၁၄ မှာရရှိပါတယ်။ ပို့ပေးကြသူတွေ ကျေးဇူး။

လွန်ခဲ့တဲ့ ၅ နှစ်က ၁၉၉ဝ ရွေးကောက်ပွဲရလဒ်သတင်းပါတဲ့ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာဟောင်းပို့စ်အောက်မှာ ကျွန်တော့်နဲ့သိကျွမ်းတဲ့ ဆရာတော်တပါးက မှတ်ချက်တခုရေးပါတယ်။ ကျွန်တော်က မိသားတစုလုံး ပြည်ပနိုင်ငံရေးထဲမှာ ပါကြတယ်။

အိမ်နားနီးချင်းအတူနေ ဆွေမျိုးတွေပါ အကုန်စုရင် မဲဆန္ဒနယ်မြေအပိုင်သေချာတယ်။ ၂ဝ၁၅ သတိထား၊ ဒို့အမျိုးစုရဲ့ လူအင်အားတဲ့။

ဆရာတော်သိတဲ့အတိုင်းပဲ အိန္ဒိယမှာနိုင်ငံရေးထဲလုပ်နေတော့ ဗမာဖြစ်နေတာက အပြစ်တခု။ ကိုယ့်သားသမီးတွေ ပါတီထဲဝင်တာကို မိသားစုနိုင်ငံရေးလို့ ပြောတယ်။ အလုပ်လျှောက်ရင် လူကြီးသားသမီးလို့ ပြောတယ်။ သားတွေကြ ပိုဆိုးသေး၊ ဗမာလဲဖြစ်၊ အမတ်သားလဲဖြစ်၊ အမျိုးသမီးလဲမဟုတ်ကြ၊ ဘယ်နေရာမှ လုပ်စရာမရှိတော့ဘူး။ ဒကာမကြီးကြတော့ NLD ဖြစ်နေတာကပြဿနာ။ အမျိုသမီးအဖွဲ့က ထွက်ပေးရပြန်ရော။ ယောက်ျားရဲ့ နိုင်ငံရေးထဲ ဝင်လုပ်တာမျိုး မလုပ်ရဘူးတဲ့။

ပြည်တွင်းထဲမှာတော့ အဲလိုမဟုတ်ပါစေနဲ့လို ဆုတောင်းပါတယ်ဘုရား။ ဆုံးဖြတ်လိုက်ပြီ ဆရာတော် နောက်ဘယ်တော့မှ အရွေးမခံတော့ဘူးလို့။ Smile!

ဒေါက်တာတင့်ဆွေ
၂၇-၅-၂ဝ၁၈
၂၇-၅-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး